သတင်းအချို့အရ ရီးရဲမက်ဒရစ်အသင်း၏တိုက်စစ်မှူး ပေါ်တူဂီလက်ရွှေးစင်အသင်းခေါင်းဆောင် ရော်နယ်ဒိုသည် အသင်းဟောင်း အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်ကိုပြောင်းဖို့ သူ့ရဲ့အေးဂျင့်ဂျော့မန်စ်ဒက်ကို တောင်းဆိုခဲ့ကြောင်း သိရှိရသည်။ 

စပိန်နိုင်ငံတွင် အခွန်ရောင်လွဲမှုနဲ့ စပိန်အစိုးရ၏တရားစွဲဆိုမှုကို ံထားရသည့် စပိန်လာလီဂါကလပ် ရီးရဲမက်ဒရစ်အသင်း၏ နာမည်ကျော်တိုက်စစ်မှူးစီရော်နယ်ဒိုသည် အခွန်ပြသာနာကြောင့် စပိန်မြေတွင်မပျော်တော့ဘဲ ရီးရဲမက်ဒရစ်အသင်းမှ ထွက်ခွာလိုနေကြာင်းသိရှိရသည်။

မန်ချက်စတာယူနိုင်တက်အသင်းတွင် ၂၀၀၃ကနေ ၂၀၀၉ ထိကစားခဲ့သော ရော်နယ်ဒိုသည် မန်ချက်စတာယူနိုင်တက်အသင်းအတွက် ၁၉၆ပွဲကစားပေးကာ ၈၄ဂိုးသွင်းယူခဲ့ပြီး မန်ချက်စတာယူနိုင်တက်တွင်ကစားစဉ် ဘလွန်းဒီအောအကောင်းဆုံးဘောလုံးကစားသမားဆုတစ်ခါရရှိခဲ့သည်။

Hein 

သတင်းအရင်းမြစ် Bleacher Report UK

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။