အဆိုတော်မီးမီးခဲကတော့ အောင်မြင်ခဲ့တဲ့ထိပ်တန်းအဆိုတော်တစ်ယောက်အဖြစ် အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည် ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။သူမကတော့ သီချင်းကောင်းလေးတွေများစွာကို သီဆိုခဲ့ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုအခိုင်အမာရယူထားနိုင်ခဲသူလေးပဲ ဖြစ်ပါတယ်။ ယနေ့လေးကတော့ သူမရဲ့ ဖခင်ဖြစ်သူစောဘွဲ့မှူး ကွယ်လွန်ခဲ့တဲ့ ၂၄နှစ်ပြည့်နေ့လေးပဲ ဖြစ်ပြီး ဖခင်ဖြစ်သူကို ယနေ့တိုင် မမေ့သေးဘဲ လွမ်းဆွတ်သတိရနေခဲ့ပါတယ်။


PHOTO CREDIT : : Mee Mee Khel-မီးမီးခဲ 'S FACEBOOK PAGE
PHOTO CREDIT : : Mee Mee Khel-မီးမီးခဲ 'S FACEBOOK PAGE

သူမကတော့ ယခုမှာ ဖခင်ဖြစ်သူအသက်ရှင်နေသေးရင် မြေးတွေနဲ့ ဘယ်လောက်ပျော်နေမလည်းဆိုပြီး တွေးကြည့်ရင်း စိတ်မကောင်းဖြစ်နေခဲ့ပါတယ်။ သူမရဲ့ ဖခင်ဖြစ်တဲ့ စောဘွဲ့မှူးဟာ သီချင်းကောင်းလေးတွေများစွာကို ရေးသားပေးခဲ့သလို ကိုယ်တိုင်လည်း သီချင်းကောင်းလေးတွေကို သီဆိုခဲ့တဲ့ စွယ်စုံရအဆိုတော်ကြီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ စောဘွဲ့မှူးဟာ iron crossအဖွဲ့ကို တည်ထောင်ခဲ့သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

PHOTO CREDIT : : Mee Mee Khel-မီးမီးခဲ 'S FACEBOOK PAGE
PHOTO CREDIT : : Mee Mee Khel-မီးမီးခဲ 'S FACEBOOK PAGE
PHOTO CREDIT : : Mee Mee Khel-မီးမီးခဲ 'S FACEBOOK PAGE

သူမကတော့ " သူ ထားခဲ့တာ July 24 မှာ၂၄ နှစ် ပြည့်ခဲ့ ပြီလေခုထိ တရက်မှ မမေ့သလို အမြဲ လွမ်းနေတုန်းပါပဲ အပါးရယ်ဒီအချိန်ထိ သူအသက်ရှင်နေသေးရင် သူ့ရဲ့မြေး၁၂ ယောက်နဲ့အတူ ဘယ်လောက်ပျော်နေမှာလဲ တွေးကြည့်ရင်း စိတ်ကြေကွဲရတယ်သမီး လေးနာမည်ကို Narnia Bwe Mu Paw လို့ပေးထားတယ် သတိရခြင်း အမှတ်တရပေါ့လေထာဝရ ငြိမ်သက်ခြင်း နဲ့ အဖ ရင်ခွင်တော်မှာ အိပ်စက်သွားတဲ့အဖေ တနေ့ပြန်ဆုံမယ် လေနော် လွမ်းတယ် ပါချစ်သမီး နဲ့သား " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။

SOURCE : Mee Mee Khel-မီးမီးခဲ 'S FACEBOOK PAGE

PHOTO CREDIT : : Mee Mee Khel-မီးမီးခဲ 'S FACEBOOK PAGE
PHOTO CREDIT : : Mee Mee Khel-မီးမီးခဲ 'S FACEBOOK PAGE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။