အနုပညာလောကမှာ ပရိသတ်တွေအားကျရတဲ့ အိမ်ထောင်ရေးပိုင်ဆိုင်ထားတဲ့ သင်ဇာနွယ်ဝင်း တို့ဇနီးမောင်နှံ ဟာ လက်တလောမှာ သာယာလှပတဲ့ကျွန်းလေးမှာ အပန်းဖြေခရီးထွက်နေတာပါ။

အိမ်ထောင်ကျပြီးအနုပညာအလုပ်တွေမလုပ်ဖြစ်တော့တဲ့ သင်ဇာနွယ်ဝင်း တစ်ယောက် ရင်သွေးလေးလွယ်ထားရပြီး ခင်ပွန်းရဲ့ အလိုလိုက်ဂရုစိုက်မှုတွေနဲ့အတူ ပျော်ရွှင်နေပါတယ်။

သင်ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံရဲ့ ခရီးသွားအပန်းဖြေပုံရိပ်လေးတွေက လူမှုကွန်ရက်မှာ လူပြောများနေပြီး ပရိသတ်တွေကတော့ သူမကို အိမ်ထောင်ရေးကံကောင်းသူလေးအဖြစ် ပြောစမှတ်ပြုကြပါတယ်။

သင်ဇာ ကတော့ မော်ဒိုက်ကျွန်းလေးမှာ ဇနီးမောင်နှံအတူရိုက်ထားတဲ့ပုံရိပ်လေးတွေကို “ အရမ်းလှတဲ့ကျွန်းလေးမှာ ကိုကိုနဲ့အတူတူ’ ဆိုပြီး မကြာသေးမီရက်ပိုင်းက တင်ထားပါတယ်။

လိုက်ဖက်တဲ့ စုံတွဲပဲမလား ပရိသတ်ကြီးရေ။ 

သတင်းအရင်းမြစ် thinzar nwe win fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။