အသက် ၂၀ ကျော်လို ့ထင်ခံရတဲ့အကြောင်းကို ပြောပြသွားတဲ့ ပက်ထရစ်ရှာ

ရုပ်ရှင်ဇာတ်ကားများကို ဆက်တိုက်ဆိုသလို ရိုက်ကူးဖြစ်နေတဲ့ မော်ဒယ်နဲ ့သရုပ်ဆောင် ပက်ထရစ်ရှာဟာ လူငယ်ပရိသတ်များစွာရဲ ့အားပေးမှုကို

ရရှိထားသူဖြစ်ပါတယ်။

အခုလတ်တလောမှာတော့ ပက်ထရစ်ရှာဟာ သရုပ်ဆောင် ဇေရဲထက်နဲ ့တွဲဖက်ပြီး “သူငယ်ချင်းချစ်သူ” ဆိုတဲ့ ဇာတ်ကားလေးမှာ

ပါဝင်သရုပ်ဆောင်ထားပါတယ်။

ရှာရှာလို ့ပရိသတ်တွေက ချစ်စနို်းနဲ ့ခေါ်ကြတဲ့ မော်ဒယ်နဲ ့သရုပ်ဆောင် ပက်ထရစ်ရှာက သူမကို လူတော်တော်များများက အသက် ၂၀ ကျော်လို ့

ထင်နေတာနဲ ့ပတ်သက်ပြီး အခုလိုပဲ လူမှုကွန်ရက်စာမျက်နှာကနေ ပြောပြသွားခဲ့ပါတယ်။

“ရှာရှာ့ကိုလူတော်တော်များများက အသက် ၂ဝကျော်ပြီလို့ပဲထင်ကြတယ်။

ရှာရှာနဲ့ငယ်ငယ်ကတည်းကခင်လာတဲ့လူတွေကတော့ ရှာရှာ့အသက်ကိုမယုံကြဘူး။ ကလေးမကများ နင်ကတော်တော်အသက်ကြီးချင်နေတယ်

ဆိုပြီးတောင်လှောင်ပြောင်ကြတယ်။

ရှာရှာ့ကိုအသက်၂ဝကျော်ပြီလို့အများစုထင်ကြရတဲ့အကြောင်းအရင်းအမှန်ကတော့...

၁။ ရှာရှာတို့မောင်နှမတွေကအရပ်ရှည်ကြတယ်။ ရှာရှာ့ရဲ့အကိုနဲ့မောင်လေးလည်းအထွားလွန်နေလို့အရွယ်နဲ့မလိုက်အောင်ရုပ်ရင့်ကြတယ်။

(သူတို့၂ယောက်ရဲ့ဓာတ်ပုံတွေရှာရှာတစ်ခါတင်ဖူးပါတယ်။ မောင်လေးကရှာရှာ့ရဲ့အကိုလို့တောင်ထင်ရ)

၂။ ရုပ်ရင့်ပါတယ်ဆိုငယ်ငယ်လေးကတည်းက အပျိုမကြီးပုံစံဖမ်းထားတာ။ အခုအချိန်အထိလည်းလူကြီးပုံစံမျိုးပြင်ဆင်ရတာပဲပိုနှစ်သက်တယ်။

အဲ့ဒါတွေကြောင့်ပဲဖြစ်ပါတယ်ရှင်” လို ့ပက်ထရစ်ရှာက ပြောပြသွားခဲ့တာပဲဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Sue Sha Naing

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။