အီတလီစီးရီအေကလပ် တိုရိနိုအသင်း၏ ဥက္ကဌဖြစ်သူ အူဘာနိုကိုင်ရိုအနေနဲ့ တိုရိနိုအသင်း၏တိုက်စစ်မှူးဘယ်လော့တီကို ပစ်မှတ်ထားခေါ်ယူလိုနေတဲ့ မန်ချက်စတာယူနိုင်တက်ကို သတိပေးပြောဆိုသွားပါတယ်။ 

အီတလီစီးရီအေကလပ် တိုရိနိုအသင်း၏ ဥက္ကဌဖြစ်သူ အူဘာနိုကိုင်ရိုက အသင်း၏တိုက်စစ်မှူးဘယ်လော့တီအနေနဲ့ တိုရီနိုအသင်းနှင့်ချုပ်ဆိုထားသည့်စာချုပ်အတိုင်း တိုရီနိုအသင်းမှာ ၂၀၂၁ထိရှိနေမှာဖြစ်ကြောင်းပြောခဲ့တာပါ။

အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုင်တက်အသင်း၏ နည်းပြမော်ရင်ဟိုအနေဖြင့် တိုရိနိုအသင်း၏တိုက်စစ်မှူးဘယ်လော့တီကို မျက်စိကျနေသည်မှာကြာနေပြီဖြစ်ပြီး ဘယ်လော့တီကို ခေါ်ယူပါက စာချုပ်ပါဖျက်သိမ်းကြေး ပေါင်၈၈သန်းထိပေးချေရဖွယ်ရှိနေသည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။