အဆိုတော်ဖြူဖြူကျော်သိန်းကတော့ အသံပါဝါကောင်းကောင်းနဲ့ သီချင်းလေးတွေကိုသီဆိုတတ်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ကြပါတယ်။ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်ပြီး ပရိသတ်တွေရဲ့ အာပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ သီချင်းကောင်းလေးတွေကို များစွာကိုသီဆိုခဲ့ပြီး အဆိုပါသီချင်းလေးတွေဟာယနေ့အချိန်ထိ လူကြိုက်များလျက်ရှိနေပါတယ်။ 

Photo credit - Phyu Phyu Kyaw Thein's FB page
Photo credit - Phyu Phyu Kyaw Thein's FB page

သူမကတော့ အလန်းစားဖက်ရှင်လေးတွေအမိုက်စားဖက်ရှင်လေးတွေကိုလည်းဝတ်ဆင်လေ့ရှိတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး စကားပြော ချစ်စရာကောင်းတဲ့ ပုံစံလေးတွေ​ကြောင့် ပရိသတ်တွေ အချစ်ပိုရတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေရဲ့ရှေ့ကို ချပြလေ့ရှိတဲ့ သူမကတော့ ယခုမှာ မတွေ့ရတာကြာပြီဖြစ်တဲ့ အနုပညာရှင်ညီအကိုမောင်နှမတွေနဲ့အတူ ပြန်ဆုံရလို့ ပျော်ရွှင်နေခဲ့ပါတယ်။ 

Photo credit - Phyu Phyu Kyaw Thein's FB page
Photo credit - Phyu Phyu Kyaw Thein's FB page

သူမကတော့ " လူကြီးစုံရာနဲ့ Private Dating လုပ်ကြတယ်တို့ဘာတို့ပေါ့နော် "ဆိုပြီး မတွေ့ရတာပြီဖြစ်တဲ့ အနုပညာရှင်တွေနဲ့အတူ ပျော်ရွှင်ရယ်မောနေတဲ့ ပုံရိပ်လေးတွေနဲ့အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်ဖြူဖြူကျော်သိန်းရဲ့ ပြည်သူချစ်အနုပညာရှင်တွေနဲ့အတူ စနောက်ရယ်မောနေတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကိုအောက်မှာကြည့်နိုင်ပါတယ်။ 

Source :  Phyu Phyu Kyaw Thein's FB page

Photo credit - Phyu Phyu Kyaw Thein's FB page
Photo credit - Phyu Phyu Kyaw Thein's FB page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။