ဂျာမနီဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းအနေနှင့် မန်ချက်စတာယူနိုင်တက်နှင့်ချယ်ဆီးတို့၏ပစ်မှတ်ဖြစ်သူ အသင်း၏အဓိက ကစားသမားတစ်ဦးဖြစ်သော တိုက်စစ်မှူးလီဝမ်ဒေါ့စကီးနှင့်ပတ်သတ်၍ လီဝန်ဒေါစကီးကိုခေါ်ယူချင်နေတဲ့ကလပ်အသင်းတွေကို သတိပေးလိုက်ပါတယ်။

ဂျာမနီဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းသည် အသင်း၏ပိုလန်လက်ရွှေးစင် တိုက်စစ်မှူးလီဝမ်ဒေါ့စကီးကို ခေါ်ယူရန်တရားမဝင်ချဉ်းကပ်နေသည့်အသင်းများကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာထံ တိုင်တန်းသွားမည်ဟုပြောဆိုသတိပေးလိုက်သည်။

ပိုလန်လက်ရွှေးစင်ကစားသမား ဘိုင်ယန်မြူးနစ်အသင်း၏ တိုက်စစ်မှူးလီဝမ်ဒေါ့စကီးသည် ဘိုင်ယန်မြူးနစ်အသင်းတွင် ၁၄ရပွဲကစားကာ ၁၁ဝဂိုးသွင်းယူပေးထားပြီး ယမန်နှစ်ရာသီတွင် ဘွန်ဒက်လီဂါသွင်းဂိုးပေါင်း ၃ဝအထိသွင်းယူပေးထားနိုင်ခဲ့သော တိုက်စစ်မှူးတစ်ဦးဖြစ်သည်။

Hein

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။