၂၀၂၀ မှာထွက်ရှိမယ့် ဂိမ်းတွေဟာဆိုရင်တော့ တော်တော်လေးကို မိုက်ပြီး သမိုင်းပြန်တွင်မယ့် ဂိမ်းတွေလဲပါပါတယ်။ အရင်ကထွက်ခဲ့ပြီးသား နာမည်ကြီးဂိမ်းတွေရဲ့ အဆက်တွေလဲ ထွက်ရှိတော့မှာမို့ မိုက်နေတော့မှာပါ။ အောက်မှာဆိုရင်တော့ ထွက်ရှိလာမယ့် Game အသစ်တွေကို ဖော်ပြလိုက်ပါတယ်။

Dirt 5
-Platform(s): Xbox Series X, PS5, PC, Xbox One, PS4, Google Stadia
-Release date: From October 2020, Google Stadia version in 2021

ပြိုင်ကားတွေကို ကြမ်းတမ်းတဲ့ လမ်းမှာ အပြိုင်အဆိုင်မောင်းရတာ ဝါဿနာပါတဲ့သူတွေအတွက် အကြိုက်ပါပဲ။ မောင်းရမယ့်လမ်းတွေကတော့ New York City, Rio de Janiero စတဲ့နိုင်ငံကြီးတွေရဲ့ လမ်းတွေအပြင် China နဲ့ Greece တို့ရဲ့ နယ်စွန်းနယ်ဖျားလမ်းတွေမှာလဲ ခပ်ကြမ်းကြမ်းမောင်နှင်းရမှာဖြစ်ပါတယ်။ များစွာသော Mode တွေလဲပါဝင်မှာဖြစ်ပြီး Screen 4 ခုခွဲပြီးလဲ ဆော့ကစားလို့ရမှာဖြစ်ပါတယ်။ 

Halo Infinite
Platform(s): PC, Xbox One, Xbox Series X
Release date: Holiday 2020

Halo ဆိုတဲ့ဂိမ်းဟာဆိုရင်တော့ တစ်ကမ္ဘာလုံးနေနဲ့ တော်တော်ကိုအောင်မြင်တဲ့ ဂိမ်းတစ်ခုဖြစ်ပြီး Player တော်တော်များများဟာလဲ ဒီဂိမ်းနဲ့ပတ်သတ်ပြီး အမှတ်တရများစွာရှိခဲ့ပါတယ်။ Dr.Disrespect ဟာလဲ ဒီဂိမ်းနဲ့ပဲ သူ့ရဲ့ Nickname ကိုရရှိလာတာဖြစ်ပါတယ်။ ပထမဆုံးထွက်တဲ့ Trailer အရ ဂိမ်းကတော့ Master Chief ရဲ့နောက်ထပ် စွန့်စားခန်းတစ်ခုလို့ပဲ ပြောရမှာပါ။ ၈ မိနစ်စာ DEMO play ကိုကြည့်လိုက်ရုံနဲ့ ဆော့ကစားချင်စိတ်တွေ ပေါက်ဖွားလာပါလိမ့်မယ်။ Halo ကတော့ လူတိုင်းစောင့်မျှော်နေကြတဲ့ ဂိမ်းတစ်ခုဆိုလဲ မမှားပါဘူး။ 

Godfall
Platform(s): PS5, PC (Epic Games Store)
Release date: Holiday 2020 

Sony ရဲ့Next-gen console အနေနဲ့ ပထမဆုံး ကြေညာခဲ့တဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားကတော့ Action RPG ဂိမ်းတစ်ခုဖြစ်ပြီး ခုတ်ရဖြတ်ရတဲ့သူတွေအတွက်ကြိုက်နှစ်သက်စေမှာဖြစ်ပြီး ဆန်းသစ်တဲ့ God Armor တွေနဲ့အတူ Graphic အလန်းစားနဲ့ ဆော့ကစားရမှာဖြစ်ပါတယ်။ ဆန်းသစ်တဲ့ လောကကြီးထဲမှာ ပါဝင်မယ့် Role တွေကတော့ "Heroic knights, Arcane magic, နဲ့ Forbidden realms " တို့ပဲဖြစ်ပါတယ်။ ကျန်တဲ့ဂိမ်းရဲ့ အသေးစိတ်အကြောင်းအရာကိုတော့ သေသေချာချာမသိရှိကြသေးပါဘူး။ ဂိမ်းကတော့ Trailer ကြည့်တာနဲ့တင် တော်တော်လေးကို အကြိုက်တွေ့စေနေပါပြီ။

သတင်းအရင်းမြစ် gamesradar+

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။