အဆိုတော်နေမင်းအိမ်ကတော့ အဆိုတော်လောကမှာ နေရာတစ်ခုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ အသံကောင်းလွန်းပြီး သီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားခဲ့တဲ့ နေမင်းအိမ်ကတော့ နောက်ထပ်သီချင်းအသစ်လေးတွေကိုလည်း ပရိသတ်တွေရဲ့ ရှေ့ကို ချပြဖို့အတွက် ကြိုးစားလျက်ရှိနေခဲ့တာပဲ ဖြစ်ပါတယ်။ 

photo credit : Nay Min Eain 's facebook acc
photo credit : Nay Min Eain 's facebook acc

နေမင်းအိမ်ကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကိုတည်ဆောက်ထားနိုင်သူလေးပဲ ဖြစ်ပါတယ်။ နေမင်းအိမ်ကတော့ ယခုမှာ ၀၀တုတ်တုတ်ပါးဖောင်းဖောင်းလေးနဲ့ ချစ်စရာကောင်းပြီး ဒုတိယရင်သွေးလေးဖြစ်တဲ့ သမီးလေးကို ပိုင်ဆိုင်နိုင်ခဲ့လို့ အပျော်ကြီးပျော်နေခဲ့ပါတယ်။ နေမင်းအိမ်ရဲ့ ချစ်စရာကောင်းတဲ့ သမီးလေးကို တစိမ့်စိမ့်ကြည့်ပြီး ချစ်မဝနိုင်ဖြစ်နေခဲ့တဲ့ ပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။

photo credit : Nay Min Eain 's facebook acc
photo credit : Nay Min Eain 's facebook acc

နေမင်းအိမ်ကတော့ " ချစ်သမီးလေး တနင်္ဂနွေနေ့ မနက်ခင်း (၈ နာရီ ၁၅ မိနစ်တိတိ) ကိုယ်အလေးချိန် ( ၇ ပေါင် ၈ အောင်စ) " ဆိုပြီး မွေးခါစ သမီးလေးရဲ့ ချစ်စရာပုံရိပ်လေးတွေနဲ့ အတူ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် အဆိုတော်နေမင်းအိမ်တို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

SOURCE: Nay Min Eain 'S FACEBOOK ACC 

photo credit : Nay Min Eain 's facebook acc
photo credit : Nay Min Eain 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။