လေ့ကျင့်ရေးကွင်းမှာ ဒေါသထွက်ခဲ့တဲ့ ရိုနယ်လ်ဒို

==========================

ရီးရဲမက်ဒရစ် တိုက်စစ်မှူ း ရိုနယ်လ်ဒိုဟာ လေ့ကျင့်ရေးကွင်းမှာ ဒေါသထွက်ခဲ့ပြီး သတင်းလာယူတဲ့ မီဒီယာ သမားတွေထံ ဘောလုံးနဲ့ကန်ခဲ့တယ်လို့ သိရပါတယ်။

အသင်းသားတွေ လေ့ကျင့်ခန်းဆင်းနေတာကို သတင်းယူဖို့ မီဒီယာသမားတွေကို ခွင့်ပြုထားစဉ်အတွင်း ရိုနယ်လ်ဒို ဟာ ကွင်းထဲမှာ အမှားတစ်ခုကျူ းလွန် ခဲ့မိတယ်လို့ သိရပါတယ်။ အဲ့ဒီနောက်မှာ ရိုနယ်လ်ဒို က ဘောလုံးကို မီဒီယာအုပ်စုထဲ ကန်ထည့်လိုက်ပြီး

"အခု မင်းတို့ ရေးစရာတစ်ခု ရသွားပီပေါ့။ ဟုတ်တယ်မလား။ ခရစ္စတီယာနို ဒေါသထွက်နေပြီ။ နောက်နှစ်ရက်လောက်အတွက် မင်းတို့ကုန်ကြမ်း ဖူလုံသွားပြီမလား" လို့ ပြောဆိုသွားကြောင်း သိရပါတယ်။

သတင်းမီဒီယာတွေရဲ့ အဆိုအရ ရိုနယ်လ်ဒိုဟာ အမှားမကျူ းလွန်ခင် အသင်းဖော်နောက်ခံလူ ဒါနီလို ၏ ပေါင်ကြားထည့်ခြင်းကို ခံခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါ ဖြစ်ရပ်ကို အသင်းဖော် မာဆယ်လိုက လှောင်ပြောင်ခဲ့တယ်လို့ ဖော်ပြထားပြီး ရိုနယ်လ်ဒို အနေနဲ့ ပုံစံကောင်းမရမှုအတွက် စိတ်ဆိုးဒေါသထွက်နေခဲ့ပုံရတယ်လို့ ဖော်ပြသွားခဲ့ကြပါတယ်။

Source: Sports Myanmar

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။