Mobile Legends ဟာဆိုရင် July 11, 2016 မှာထွက်ရှိခဲ့တာမို့ ဒီနေ့အချိန်မှာဆိုရင်တော့ ၅နှစ်ရှိပြီဖြစ်ပါတယ်။ ၅နှစ်တာကာလအတွင်းမှာလဲ ဂိမ်းဟာတရားစွဲတာတွေကိုခံခဲ့ရတဲ့အပြင် အခတ်အခဲပေါင်းများစွာကိုလဲ ဖြတ်သန်းခဲ့ပြီး ယနေ့ချိန်မှာအောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ပါတယ်။ တဖြည်းဖြည်းနဲ့ဂိမ်းဟာလဲ မြင့်ပီးရင်မြင့်လာတာမို့ Rework, Revamp တွေအပြင် Remove လုပ်ခဲ့တာတွေပါရှိပါတယ်။ ဒါကြောင့်ပဲ အောက်မှာ Remove လုပ်ခဲ့တဲ့ Item တွေကို ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်တွေထဲက တချို့လဲ Item တွေကို မှတ်မိအုန်းမယ်ထင်ပါတယ်။ 

Spirit Wheel

Spirit Wheel

Spirit Wheel ကတော့ Tier 1 Item ဖြစ်ပြီး Gold 500 နဲ့ဝယ်ရပါတယ်။ Effect ကတော့ +10 Magic Power ဖြစ်ပြီး Passive ကတော့ ရန်သူကို သတ်လိုက်ရင် 5 souls stack ရပြီး ကူညီရင် 3 souls stack ရပါတယ်။ 15 Souls Stack ပြည့်တဲ့အခါမှာ 25 Point Magic Damage ရမှာဖြစ်ပြီး 50 Point Magic Damage ထိရရှိနိုင်ပါတယ်။ သေတဲ့ခါကျ Souls Stack တွေအကုန်ပျောက်သွားမှာပါ။

Disaster Truncheon

Disaster Truncheon

Disaster Truncheon ကတော့ Tier 3 Item ဖြစ်ပြီး Gold 2060 ကျမှာဖြစ်ပါတယ်။ +60 Magic Power, +50 Magic RES နဲ့ +15% CD Reduction ရရှိမှာဖြစ်ပြီး Passive အနေနဲ့ကတော့ ရန်သူကို ၅စက္ကန့်ကြာအောင် Magic Res ကို 25 Points လျော့ချပေးမှာဖြစ်ပါတယ်။ 

Ancient Ghostatue

Ancient Ghostatue

Tier 3 Item ဖြစ်တဲ့ Ancient Ghostatue ကတော့ စုစုပေါင်း Gold 1900 ကျမှာဖြစ်ပါတယ်။ +950 HP, +75 HP Regen နဲ့ +5% CD Reduction တို့ကိုပေါင်းထည့်ပေးတဲ့အပြင် +20 Movement SPD ကိုပါထည့်ပေးပါသေးတယ်။ Passive ကတော့ ကိုယ်ဟာ၃စက္ကန့်လောက် မခုတ်တော့ဘူး အခုတ်မခံရတော့ဘူးဆိုရင် Movement SPD ကို ၆၀ တိုးပေးသွားမှာဖြစ်ပါတယ်။

Bloodthirsty King

Bloodthirsty King

နောက်ထပ် Tier 3 Item ကတော့ Tank တွေနဲ့ Fighter တွေအတွက်အဆင်ပြေစေခဲ့တဲ့ Bloodthirsty King ပဲဖြစ်ကာ စုစုပေါင်း 2380 Gold ကျမှာဖြစ်ပါတယ်။ +1550 HP တိုးပေးပြီး Passive ကတော့ Kill ပဲဖြစ်ဖြစ် Assist ပဲရရ Hero ရဲ့သွေးကို တစ်စက္ကန့်တိုင်း 25% ဆုံးရှုံးသွားတဲ့သွေးတွေကိုပြန် Recover လုပ်ပေးမှာဖြစ်ပြီး ၅စက္ကန့်ကြာမှာဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Fandom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။