Mobile Legends ဟာဆိုရင်လဲ ထွက်ရှိလာခဲ့တာ ၅နှစ်ရှိပြီဖြစ်တဲ့အလျောက် ဂိမ်းထဲမှာ ပြုပြင်ပြောင်းလဲမှုများစွာပြုလုပ်ခဲ့ပါတယ်။ ပြောင်းလဲမှုတွေလုပ်ခဲ့တာကြောင့် တချို့သော Item တွေဟာလဲ Remove ခံလိုက်ရပြီး တချို့ကြတော့လဲ အသွင်အသစ်နဲ့ ထွက်ရှိလာခဲ့ပေမယ့်လဲ Redesign မဟုတ်တဲ့အတွက် စိတ်တော့မကောင်းပါဘူး။ အောက်မှာဖော်ပြထားတဲ့ Item တွေထဲက ဘယ် Item တွေကို မှတ်မိသေးလဲ။ 

Boots of Tranquility

Boots of Tranquility

Hero တော်တော်များများနဲ့အဆင်ပြေစေခဲ့တဲ့ ဖိနပ်တွေထဲက တစ်ခုလို့ပြောလို့ရတဲ့ ဖိနပ်ကတော့ Boots of Tranquility ပဲဖြစ်ပါတယ်။ Tier 3 Item ဖြစ်ပြီး Gold 720 သာကျပြီး +20 HP Regen နဲ့ +20 Mana Regen ရရှိပြီး +40 Movement Speed လဲရရှိပါတယ်။ Passive ကတော့ သွေးတက်တဲ့ Effect ကို 10% တိုးစေပါတယ်။

Courage Bulwark

Courage Bulwark

ယနေ့ချိန်မှာ Courage Mask နဲ့မကွာမခြားဖြစ်တဲ့ Tier 3 Item ကတော့ Courage Bulwark ပဲဖြစ်ပါတယ်။ Gold 1970 ကျမှာဖြစ်ပြီး +770 HP နဲ့ +10% CD Reduction ရရှိစေပြီး Passive ကတော့ သုံးလိုက်ရင် အနီးအနားက ကိုယ့်ဘက်က Hero တွေနဲ့ Allies တွေကို Movement SPD 30% , Physical နဲ့ Magic Damage ကို 25% ထိ ၃စက္ကန့်ကြာတိုးစေမှာဖြစ်ပြီး CD ကတော့ 40 စက္ကန့်ကြာပါတယ်။ မသုံးပဲဒီတိုင်းဆိုရင်တော့ Hero တွေနဲ့ Allie တွေကို Physical နဲ့ Magic Damage 10% တိုးပေးပါတယ်။ အနီးအနားက Minion တွေကတော့ Turret ပစ်တဲ့ Damage ကိုပိုခံနိုင်သွားပါတယ်။ 

Wizard Boots

Wizard Boots

Tier 3 Item ဖြစ်တဲ့ Wizard Boots လေးကတော့ Player တွေကြိုက်နှစ်သက်စေခဲ့တဲ့ ဖိနပ်ဖြစ်ခဲ့ပြီး Gold 700 ကျပါတယ်။ +300 HP တိုးပေးပြီး +40 Movement Speed တိုးပေးပါတယ်။ Passive အနေနဲ့ကတော့ Assist ရတိုင်း Gold 50 ရရှိပါတယ်။ 

Soul Scroll

Soul Scroll

Soul Scroll ကတော့ Tier 3 Item ဖြစ်ပြီး Gold 1300 ကျပါတယ်။ +20 Magic Power တိုးပေးပြီး +15 Magic Penetration ရရှိပါတယ်။ ဒီ Item ရဲ့ Passive နဲ့ Chang'e ရဲ့ Passive တို့ဟာအတူတူပါပဲ။ ရန်သူကို သတ်လိုက်ရင် 5 souls stack ရပြီး ကူညီရင် 3 souls stack ရပါတယ်။ 15 Souls Stack ပြည့်တဲ့အခါမှာ 25 Point Magic Damage ရမှာဖြစ်ပြီး 200 Point Magic Damage ထိရရှိနိုင်ပါတယ်။ သေတဲ့ခါကျ Souls Stack တွေအကုန်ပျောက်သွားမှာပါ။ 

သတင်းအရင်းမြစ် Fandom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။