ဝါရင့်အနုပညာရှင်တစ်ယောက်အဖြစ် ဝါဝါအောင်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်ထားနိုင်သူလေးပဲဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ သူမကတော့ ဗီဒိယိုဇာတ်ကားတွေများစွာအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေများစွာကိုလည်း ရိုက်ကူးခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ 

PHOTO CREDIT :WAH WAH AUNG' S FACEBOOK ACC
PHOTO CREDIT :WAH WAH AUNG' S FACEBOOK ACC

ဦးအောင်ခိုင်ကတော့ ဇာတ်ကြမ်းဇာတ်နုစတဲ့ ဇာတ်ရုပ်တွေများစွာမှာ အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ စွယ်စုံရအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဦးအောင်ခိုင်နဲ့ဝါဝါအောင်တို့ ဇနီးမောင်နှံကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းတဲ့ မိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့ပါတယ်။ တစ်ယောက်ကိုတစ်ယောက်နားလည်မှုအပြည့်ရှိကြတဲ့ သူမတို့ဇနီးမောင်နှံကတော့ အနုပညာအလုပ်တွေကို အတူတကွဆက်လက်လုပ်ကိုင်လျက်ရှိနေတာပဲဖြစ်ပါတယ်။ 

PHOTO CREDIT :WAH WAH AUNG' S FACEBOOK ACC
PHOTO CREDIT :WAH WAH AUNG' S FACEBOOK ACC
PHOTO CREDIT :WAH WAH AUNG' S FACEBOOK ACC

ဖြူဖြူထွေးကတော့ ယခုမှာ ဦးအောင်ခိုင်တို့ဇနီးမောင်နှံ ၊ဦးဇော်ကြီး ၊မင်းသစ်တို့ကို ကြော်ငြာအတူခေါ်ပေးတဲ့အပြင် တရိုတသေနဲ့ ထိုင်ကန်တော့ခဲ့ပါတယ်။ဝါဝါအောင်ကတော့ " ဒီနေ့သမီးဖြူဖြူထွေးရဲ့ ပဒုမ္မာဆေးမန်းကျည်းယိုကြော်ငြာရိုက်ကွင်းအမှတ်တရလေးပါ"ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသာထားခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ဦးအောင်ခိုင်တို့ကို ကန်တော့ခဲ့တဲ့ ဖြူဖြူထွေးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

SOURCE  :WAH WAH AUNG' S FACEBOOK ACC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။