ပရိသတ်တွေအားလုံးသိကြတဲ့အတိုင်း Mobile Legends မှာဆိုရင် Tank Player ကိုင်ပေးတဲ့သူတွေဟာ ယနေ့တိုင် ခပ်ရှားရှားပါပဲ။ ဘာလို့လဲဆိုတော့ Tank တွေကို ကိုင်ရတာ တခြား Role တွေလိုမျိုး Kill တွေ Savage တွေ လွယ်လွယ်နဲ့မရကြလို့ပါပဲ။ ပြီးတော့ကိုင်ရတာလဲ လေးလံတာကြောင့် ကိုင်ချင်တဲ့သူရှားပါတယ်။ ပြီးတော့ရှိပါသေးတဲ့ ပွဲတစ်ပွဲမှာ ရှုံးလို့ Tank Player ကို Blame တဲ့ Marksman တွေကရှိပါသေးတယ်။  

Tank က Solo ကစားရလား....ဘာလို့မကာပေးတာလဲ စတာတွေနဲ့ ပြောဆိုကြပါတယ်။ တကယ်တော့ Tank တွေက Solo ကစားကြတာမဟုတ်ပဲ လမ်းသွားရှင်းပေးတာဖြစ်ပါတယ်။ လမ်းရှင်းရတာ တကယ်တော့ Tank အလုပ်မဟုတ်ပဲ Fighter တွေရဲ့အလုပ်ပါ။ လမ်းမရှင်းပဲတောတိုးနေတော့ Tank တွေကပဲ လိုက်ရှင်းပေးရတာပါ။ ဘာပဲဖြစ်ဖြစ်ပါ Rank တွေမှာ Tank တွေက အရေးကြီးပါတယ်။ MM တွေ့ရဲ့ ရှေ့မှာ နေပေးပြီး လိုက်ကာကာပေးနေရတာ မလွယ်ပါဘူး။ ဒါမှလဲ ကို့အသင်းက နိုင်မှာပေါ့။   

MM တစ်ယောက်ရဲ့ရှေ့မှာ Tank ရှိနေပေးကြည့် ဘယ်သူ့မှ အဲ့ဒီ MM ကိုသတ်လို့မရအောင်ခတ်ပါတယ်။ Tank အစား တခြား Role ရှိကြည့် အဲ့ Hero တင်မကဘူး MM ပါသေသွားပါလိမ့်မယ်။ အသင်းတစ်သင်းနိုင်ဖို့ရာ Teamwork ရှိရမှာဖြစ်ပြီး Tank ကောင်းကောင်းရှိရပါတယ်။ Tank တွေလဲ ကိုယ့်အသင်းအတွက် ရှေ့ဆုံးကနေနေပြီး အသင်းသားတွေအသတ်မခံရအောင် ကာပေးနေကြရတာပါ။ ဒါမှလဲ ကိုယ့်အသင်းက MM က ထောင်သွားမှာဖြစ်ပြီး နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် Tank တွေဟာ Rank မှာ အရေးပါတဲ့ Role ကြီးတစ်ခုပဲဖြစ်ပါတယ်။   

သတင်းအရင်းမြစ် DevilKnight

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။