မင်းသမီးခင်ဇာခြည်ကျော်ကတော့ အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ကာ သူမကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ သူမရဲ့ သားလေးနဲ့ သမီးလေးကတော့ မိဘအပေါ် သိတတ်လိမ္မာတဲ့ သားလိမ္မာ သမီးလိမ္မာလေးတွေပဲ ဖြစ်ကြပါတယ်။

photo credit : Khin Zar Chi Kyaw 's facebook page
photo credit : Khin Zar Chi Kyaw 's facebook page

မင်းသမီးချောခင်ဇာခြည်ကတော့ ယခုမှာ အသက်ငယ်ငယ်နဲ့ အမိုက်စားအိုင်တင်တွေသရုပ်ဆောင်နိုင်တဲ့ သမီးလေးရဲ့TIKTOKကိုကြည့်ရင်း ချစ်မဝဖြစ်နေကာ သမီးလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးနဲ့ ဆော့ကစားထားတဲ့ TIKTOKလေးကို ပရိသတ်တွေရဲ့ ရှေ့ကို ချပြလာခဲ့ပါတယ်။မေမေခင်ဇာခြည်ကျော်ရဲ့ အနုပညာအမွေတွေကို ရရှိထားတဲ့ ထင်သစ္စာလေးကတော့ အကပိုင်းလည်း ကျွမ်းကျင်ပိုင်နိုင်တာမို့ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။ 

photo credit : Khin Zar Chi Kyaw 's facebook page
photo credit : Khin Zar Chi Kyaw 's facebook page

သူမကတော့ " သမီးငယ် ထင်သစ္စာ ရဲ့ Tiktok လေး တွေ ဝင်ကြည့်ပြီး သူ့ ရဲ့ Tiktok အကောင့်ကမလာတာ " ဆိုပြီး သူမရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ သမီးငယ်လေးဖြစ်တဲ့ ထင်သစ္စာလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ TIKTOKဗီဒီယိုဖိုင်လေးဟာ ပရိသတ်တွေကြားမှာ လူကြည့်များလျက်ရှိနေခဲ့ပြီး ချစ်ပရိသတ်တွေအတွက် ခင်ဇာခြည်ကျော်သမီးလေးရဲ့TIKTOKဗီဒီယိုဖိုင်လေးကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : Khin Zar Chi Kyaw 's facebook page 

photo credit : Khin Zar Chi Kyaw 's facebook page
photo credit : Khin Zar Chi Kyaw 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။