အဆိုတော်နိုင်းဝမ်းကတော့ တစ်ချိန်က အောင်မြင်ခဲ့တဲ့ အဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ ပျော်ရွှင်စွာနေထိုင်ပြောဆိုတတ်တဲ့ နိုင်းဝမ်းကတော့ မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုရော ယောကျာ်းလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ ပြည်သူချစ်အဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။

photo credit : Kyaw Zin Latt 's facebook acc
photo credit : Kyaw Zin Latt 's facebook acc

နိုင်းဝမ်းကတော့ ယခုမှာ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးအဖြစ် ရွေးချယ်ခံရတဲ့ မိခင်ဖြစ်သူအတွက် ဝမ်းသာဂုဏ်ယူနေခဲ့ပါတယ်။ နိုင်းဝမ်းကတော့ " Congratulations Mommyအမေချစ်ခင်တန်ဖိုးထားတဲ့ တရားရေးဝန်ထမ်းလောကမှာ ယခုလို "မန္တလေးတိုင်းဒေသကြီး တရားလွတ်တော်တရားသူကြီးအဖြစ်" ရွေးချယ်တင်မြောက်ခြင်းခံရတဲ့အတွက် သားတစ်ယောက်အနေနဲ့ အလွန်ဝမ်းသာမိပါတယ် " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ် ။  

photo credit : Kyaw Zin Latt 's facebook acc
photo credit : Kyaw Zin Latt 's facebook acc
photo credit : Kyaw Zin Latt 's facebook acc

နိုင်းဝမ်းကတော့ " သားတို့ငယ်ငယ်ကတည်းက ရိုးသားဖို့၊ ကြိုးစားဖို့၊ စိတ်ကောင်းထားဖို့ အမြဲဆုံးမပြီး အမေကိုယ်တိုင်လဲ အဲ့လိုကျင့်ကြံနေထိုင်ခဲ့တဲ့ သားတို့ရဲ့အမေအတွက် ရင်ထဲကဖေါ်မပြတတ်အောင်ဝမ်းသာဂုဏ်ယူမိပါတယ်အမေ စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် နိုင်ငံရဲ့တာဝန်များကို သယ်ပိုးထမ်းဆောင်နိုင်ပါစေအမေ " ဆိုပြီး သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မေမေအတွက်ဂုဏ်ယူနေတဲ့ နိုင်းဝမ်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : Kyaw Zin Latt 's facebook acc 

photo credit : Kyaw Zin Latt 's facebook acc
photo credit : Kyaw Zin Latt 's facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။