၂၀၂၀ ဟာဆိုရင်လဲ ခုချိန်မှာ လအလယ်ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်။ ဂိမ်းအသစ်တွေကလဲ ထွက်ရှိဖို့နီးစပ်လာပြီဖြစ်ပါတယ်။ PS5 နဲ့ Xbox Series X တို့ကလဲ ထွက်ရှိလာတော့မှာမို့ ဂိမ်းအသစ်တွေကိုလဲ မြင်ရတော့မှာဖြစ်ပါတယ်။ ခုအောက်မှာဖော်ပြသွားမယ့်ဂိမ်းတွေကတော့ လူစောင့်များပြီး လူကြိုက်များတဲ့ ဂိမ်းတွေပဲဖြစ်ပါတယ်။ 

Assassin's Creed Valhalla
Platform(s): PC, Xbox One, PS4, PS5, Xbox Series X
Release date: Holiday 2020  

အချိန်ဟာဆိုရင်တော့ Viking ခေတ်မှာ Assassin အနေနဲ့ထွက်ရှိလာဖို့ အချိန်တန်ပါပြီ။ Ubisoft ရဲ့ long-running series တစ်ခုလဲဖြစ်သလို လူအများလဲ စောင့်နေကြတဲ့ Assassin's Creed Valhalla ပဲဖြစ်ပါတယ်။ Eivor အဖြစ်ဆော့ကစားရမှာဖြစ်ပြီး သင့်ရဲ့ Character ကို ယောက်ျားနဲ့ဖြစ်ဖြစ် မိန်းမနဲ့ဖြစ်ဖြစ် ဆော့ကစားလို့ရပါတယ်။ ဇာတ်လမ်းကတော့ သင်ဟာ သင့်ရဲ့အဖွဲ့ကို ဦးဆောင်ပြီး အေးခဲနေတဲ့ Norway ကနေ အိမ်အသစ်ဖြစ်မယ့် England ကို ခေါ်ဆောင်သွားရမှာဖြစ်ပါတယ်။ ဆိုတော့ ခေတ်အချိန်ဟာ အမှောင်ခေတ်ဖြစ်နေမှာတော့ သေချာပါတယ်။ ဒါကြောင့် England က Warrior တွေနဲ့ Knight တွေကို တွေ့ရှိနိုင်လောက်မှာပါ။ 

Spider-Man: Miles Morales
Platform(s): PS5
Release date: Holiday 2020

လူတော်တော်များများမသိကြလောက်တဲ့ Spider Man ကတော့ Miles Morales ပဲဖြစ်ကာ သူ့ကို Comic မဖတ်တဲ့သူတွေ မသိကြတာများပါတယ်။ Animation ထွက်လာတဲ့အခါမှ လူတော်တော်များများနဲ့ရင်းနှီးခဲ့တာဖြစ်ပြီး ခုချိန်မှာတော့ PS5 မှာပဲ ဆော့ကစားနိုင်မယ့် Spider-Man: Miles Morales ဟာထွက်ရှိလာတော့မှာဖြစ်ပါတယ်။ ဂိမ်းနဲ့ပတ်သတ်လို့အကြောင်းအရာတွေကတော့ သိပ်မထွက်ရှိသေးပါဘူး။ သေချာတာတစ်ခုကတော့ New York မြို့ကို နှံ့နေအောင် သွားလို့ရမှာဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Gamesradar+

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။