၂၀၂၀ မှာလူစောင့်များတဲ့ ဂိမ်းတွေဟာဆိုရင် ဖော်ပြထားပြီးသား ဂိမ်းတွေအရ Action,Sports စတဲ့ အမျိုးအစားတွေရှိပါသေးတယ်။ Horror နဲ့ပတ်သတ်ပြီး ဘာဂိမ်းကိုမှဖော်ပြထားခြင်းမရှိသေးတာမို့ အောက်မှာဆိုရင်တော့ နာမည်ကြီး ရေပန်စားတဲ့ Horror ဂိမ်းတစ်ခုကိုဖော်ပြလိုက်ပါတယ်။  

Little Nightmares 2
Platforms (s): PC, Xbox One, PS4, Nintendo Switch
Release date: TBC 2020  

Little Nightmares ဟာဆိုရင် လူတော်တော်များများကြိုက်တဲ့ Puzzle-platformer, survival horror ဂိမ်းလေးဖြစ်ပါတယ်။ Steam မှာ 9/10 ရရှိထားတဲ့ ဂိမ်းဖြစ်ပါတယ်။ သိပ်မကြာခင်မှာတော့ Little Nightmares ရဲ့ Sequel ဖြစ်တဲ့ Little Nightmares 2 နဲ့အတူ SIx ဟာလဲပြန်လာတော့မှာဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ဆော့ကစားသူဟာ Mano အနေနဲ့ဆော့ရမှာဖြစ်ပြီး Six ဟာသူရဲ့ Guide အဖြစ်ပါဝင်မှာပါ။ ကမ္ဘာကြီးဟာ တဖြည်းဖြည်းနဲ့ အမှောင်တွေကျလာပြီဖြစ်ကာ Six ဟာလဲ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်နေပါပြီ။ Mano နဲ့ Six တို့ဟာအတူတူ ကြောက်စရာကောင်းတဲ့ နယ်မြေတွေကိုဖြတ်သန်းပြီး TV Screen ကနေ ပျံ့နှံ့နေတဲ့အရာကို ရှာဖွေရမှာဖြစ်ပါတယ်။ နောက်ထပ် ထိတ်လန့်ဖွယ်ကောင်းတဲ့ စွန့်စားခန်းတစ်ခုကို ဆော့ကစားရအုန်းမှာဖြစ်ပါတယ်။ 

Watch Dogs: Legion
Platform(s): Xbox One, PS4, PC,
Release date: TBC 2020 

Watch Dogs ကတော့ Ubisoft ရဲ့အောင်မြင်ပြီး လူကြိုက်များတဲ့ ဂိမ်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ခုထွက်ရှိလာမယ့် Watch Dog : Legion ကိုအစက March 2020 မှာထွက်ဖို့ပြုလုပ်ထားတာပါ။ အရင် Watch Dog ဂိမ်းတွေနဲ့မတူတော့ဘူးလို့တောင်ပြောရမှာပါပဲ။ တော်တော်များများကိုပြောင်းလဲလိုက်မှာမို့စောင့်ရတာနဲ့ ထိုက်တန်ပါတယ်။ London မှာစွန့်စားရမယ့်ကိစ္စအတွက် သင်ဟာတစ်မြို့လုံးမှာရှိတဲ့ ကြိုက်တဲ့သူကို ကိုင်လို့ရမှာပဲဖြစ်ပါတယ်။  

သတင်းအရင်းမြစ် Gamesradar+

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။