အဆိုတော်တွေတဲ့ ကြည့်ကောင်းအောင်လုပ်ကြပါဦး ဆိုတဲ့ခေါင်းစဉ်နဲ့ ဓာတ်ပုံတွေက ဇွန်လ(၂၂)ရက်နေ့ညပိုင်း လူမှုကွန်ရက်မှာ ဟိုးတကျော်ကျော်ဖြစ်နေပါတယ်

ဖေ့ဘူတ်သုံးစွဲသူအကောင့် ပိုင်ရှင်တစ်ဦးကေတာ့ အဆိုတော်ထူးအယ်လင်း နဲ့ ကော်ဘရာ တို့ နှစ်ဦး ဟာ တက်စီသမားတစ်ဦးနဲ့ လမ်းမပေါ်မှာ ရုတ်ရုတ်သဲဖြစ်သွားခဲ့တယ်လို့သိရပါတယ်

ဒါ့အပြင် ထူးအယ်လင်းတို့မောင်းလာတဲ့ကားနဲ့ တက်စီကားနဲ့ ငြိခဲ့ရာ တက်စီသမားက ကားပေါ်ကဆင်းမလာတာကြောင့် ထူးအယ်လင်းက ပုဆိန်နဲ့ မှန်ကိုရိုက်ခွဲခဲ့ကြောင်း အဲ့လိုနဲ့ ထူးအယ်လင်းတို့ကို ရဲတပ်ဖွဲ့တွေရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ဆိုပါတယ်

ဖြစ်ကြောင်းကုန်စင်ကို မျက်မြင်သက်သေဖြစ်သူက အခုလို ရေးသားထားတာပါ

အဆိုတော်တွေတဲ့ ကြည့်ကောင်းအောင် လုပ်ကြပါဦး

ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်မှာ အဆိုတော် ထူးအယ်လင်းနဲ့ကော်ဘရာတို့ သောင်းကျန်းကြတယ်။

ဖြစ်တာက taxi နဲ့ကားချင်းညိပြီး taxi ရှေ့ကားပိတ်ရက် ကားပေါ်က taxi သမား မဆင်းတော့ ထူးအယ်လင်းက ပုဆိန်နဲ့ မှန်ကိုခွဲတယ်။ (ကိုယ်တိုင်တော့မတွေ့ဘူး တွေ့တဲ့သူကပြောတာ)ကားသမား ဆင်းလာတော့ ကော်ဘရာ ကအေးဆေးပြောတုန်း ထူးအယ်လင်းက ဝင်ထိုးတယ်။ ကားပေါ်မှာ ပါလာတဲ့ ကောင်မလေးက ဆင်းပြီး ထိုင်ကန်တော့ တောင်းပန်တာကိုပါ ထူးအယ်လင်းက ထိုးလိုက်တယ်။ ဘေးနားမှာ ကြည့်နေတဲ့ ရပ်ကွက်ကလူတွေတောင် ဒေါသထွက်ပြီး ထူးအယ်လင်းတို့ကားကို ခဲနဲ့ဝိုင်းထု လူကိုပါ ထိုးမလို့ လုပ်ကြတာ ရပ်ကွက်က လူကြီးတွေ တားနေလို့ သက်သာယာရသွားတယ်။ အဲဒါတောင် ထူးအယ်လင်းက ပတ်ဆဲနေသေးတယ်။

ရဲတွေရောက်လာတော့ သူတို့ကို ရဲကားနဲ့ခေါ်သွားတယ်။ ဘေးမှာကြည့်နေတဲ့ လူတွေအကုန်လုံး ထူးအယ်လင်း ရဲကားထဲဝင်တော့ လက်ခုတ်ဝိုင်းတီပြီး ဥပဒေအတိုင်း ဖြစ်ကာစေလို့ ဝိုင်းအော်ကြတယ်။

ဒီလောက် ရပ်ကွက်ရှေ့သောင်းကျန်း ရမ်းကားသွားတဲ့ သူတွေကို ဘာနဲ့အရေးယူမှာလဲ ရပ်ကွက်ကစောင့်ကြည့်မေပါတယ်။

အခုည ၉နာရီခွဲ လောက်မှာဖြစ်သွားတာ။ ဒဂုံမြို့နယ် ရဲစခန်းမှာ ထူးအယ်လင်းရော ကောဘရာရော ရှိနေမှာပါ။ သတင်းသမားတွေအတွက် ရဲစခန်ကို ဖုန်းဆက်လို့ရပါတယ်။

အမှန်တရား အတိုင်းဖြစ်ကြပါစေ...

သတင်းအရင်းမြစ် lumin Thaungtun fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။