ပြည်သူအချစ်တော် မင်းသမီးချော အေးမြတ်သူကတော့ အနုပညာလောကမှာ ပရိသတ်တွေအားပေးချစ်ခင်မှုတွေကို ရယူသိမ်းပိုက်နိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း ကျရာဇာတ်ရုပ်ကို အကောင်းဆုံးနဲ့ သဘာဝကျကျ ပီပြင်အောင် သရုပ်ဆောင်နိုင်တာကိုလည်းတွေ့ရပါတယ်။ သူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်လည်း အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တဲ့ လေးစားစရာ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

Photo Credit -Aye Myat Thu's facebook Page
Photo Credit -Aye Myat Thu's facebook Page

ယနေ့အချိန်ထိနုပျိုနေဆဲဖြစ်ပြီး သူမရဲ့ ပင်ကိုယ်အလှတရားတွေကတော့ ဆယ်ကျော်သက်တွေ အရှုံးပေးရလောက်ပါတယ်နော်...။အေးမြတ်သူကတော့ စိတ်သဘောထားပြည့်ဝသလို သူတစ်ပါးပေါ်မှာလည်း အမြဲကူညီတက်တဲ့အပြင် လူမှုရေးအကျိုးပြု ပရဟိတလုပ်ငန်းတွေမှာလည်းကိုယ်တိုင် ပါဝင်လုပ်ကိုင်ပေးနေတာကို တွေ့ရပါတယ်။ယခုမှာဆိုရင်လည်း မင်းသမီးချောလေး အေးမြတ်သူက သွယ်လျကျစ်လျစ်တဲ့ body လေးကို ထိန်းသိမ်းထားနိုင်ဖို့ ယောဂ ဆော့ကစား နေရင်း Live လွှင့်ခဲ့တဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။

Photo Credit -Aye Myat Thu's facebook Page
Photo Credit -Aye Myat Thu's facebook Page
Photo Credit -Aye Myat Thu's facebook Page

ဒီ ဗီဒီယိုလေးထဲမှာတော့ အေးမြတ်သူ က လွတ်လပ်ပေါ့ပါးတဲ့ အသားကပ် ဝတ်စုံလေးကိုဝတ်ပြီး သာမာန် မိန်းကလေးတွေ မလုပ်နိုင်တဲ့ ယောဂ ကစားနည်းလေးလုပ်ပြကာ ပရိသတ်တွေ ကို တရင်းတနှီး စကားတွေပြောခဲ့တာ ဖြစ်ပါတယ်။ နေ့စဉ်အမြဲလိုလို ယောဂ အားကစားတွေ ပြင်းပြင်းထန်ထန် ဆော့ကစားနေတဲ့ မင်းသမီးချောလေး အေးမြတ်သူကို အရင်ကထက် ပိုပြီးချစ်ပေးပါဦးနော်....။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသမီးချော အေးမြတ်သူ ရဲ့ ယောဂ ဆော့ကစားရင်း Live လွှင့်ခဲ့တဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Aye Myat Thu's facebook Page

Source -Aye Myat Thu's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။