ချစ်ရတဲ့ ပရိသတ်ကြီးရေ မင်းသမီးချောလေး ဘေဘီမောင်နဲ့ အဆိုတော် သားဂန်းတို့နှစ်​ယောက်ကတော့ နားလည်မှုရှိပြီး လက်တွဲတွေခိုင်မြဲကာ ချစ်ခဲ့လာကြတာ ယခုဆိုရင် relationship သက်တမ်းအတော်ကြာပြီလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးက အနုပညာလမ်းကြောင်းထက်မှာလည်း အောင်မြင်မှုတွေ များစွာ ရရှိထားတဲ့ သူတွေပဲ ဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး သစ္စာရှိရှိနဲ့ လက်တွဲလာခဲ့ပြီး သာယာပျော်ရွှင်တဲ့ အချစ်ရေးလေးကို တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။ 

Photo credit - Thar Gan's FB account
Photo credit - Thar Gan's FB account

ဘေဘီက အကြီးဖြစ်ပေမယ့်လည်း ကလေးလေးတစ်ယောက်လို ဆိုးနွဲ့နေပြီး အမြဲ ချွဲနေခဲ့တာကြောင့် သားဂန်းက အချစ်တွေပိုနေခဲ့တာပါ ။ သားဂန်းနဲ့ ဘေဘီက အမြဲ romantic ဆန်လွန်းတဲ့ ပုံလေးတွေကို လူမှုကွန်ယက် စာမျက်နှာထက်မှာ မျှဝေပေးလျက်ရှိနေတာကြောင့် ပရိသတ်တွေကလည်း အားကျနေကြတာ အသေအချာပါပဲနော် ။ ယနေ့မှာလည်း သားဂန်းက သူရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ပိုစ့်တစ်ခု တင်ပေးလါခဲ့ပါတယ်။ 

Photo credit - Thar Gan's FB account
Photo credit - Thar Gan's FB account

အမြဲတမ်းတွေ့နေရပြီး ဘေးနားက မခွာပဲ ချွဲနေတက်တဲ့ ချစ်သူလေး ဘေဘီမောင်ကို video callခေါ်ကာ အလွမ်းသယ်နေတဲ့ ပုံလေးကို တင်ပေးလါတာပါ။ နှစ်ယောက်လုံးရဲ့ မျက်နှာလေးတွေမှာ အပြုံးလေးတွေကို တွေ့နေရပြီး ကြည်နူးပျော်ရွှင်နေကြတာ ဖြစ်လို့ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ ပရိသတ်တွေကလည်း ဘေဘီမောင်နဲ့ သားဂန်းတို့ စုံတွဲလေးကို ဆက်လက်အားပေးလိုက်ကြပါအုန်းနော်....။ 

Photo credit - Thar Gan's FB account
Photo credit - Thar Gan's FB account

Photo credit - Thar Gan's FB account

Source - Thar Gan's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။