မိတ်ကပ်ပညာရှင်တစ်ဦးအဖြစ် မေဦးကတော့ နာမည်တစ်လုံးနဲ့ လျှမ်းလျှမ်းတောက်အောင်မြင်နေပြီး မသိသူမရှိလောက်အောင် လူသိများနေတာ ဖြစ်ပါတယ်။ မိတ်ကပ်ပညာနဲ့ပတ်သက်ရင် အင်မတန်ထူးချွန်သူလေးဖြစ်တဲ့ မေဦးက မြန်မာနိုင်ငံက ထိပ်တန်းအနုပညာရှင်တော်တော်များများကို ပြင်ဆင်ခြယ်သပေးနေရတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ မေဦးက လူချစ်လူခင်ပေါများလို့နေတာလည်း ဖြစ်ပါတယ်။

Photo Credit-May Oo's FB Acc
Photo Credit-May Oo's FB Acc
Photo Credit-May Oo's FB Acc

အချစ်ရေးနဲ့ပတ်သက်ပြီးတော့ မေဦးကတော့ ချစ်သူကို အားလုံးအရှေ့မှာ ပွင့်ပွင့်လင်းလင်းချပြထားပြီး Official တွဲနေတာပဲ ဖြစ်ပါတယ်။ မကြာခင်ကပဲ ချစ်သူသက်တမ်း (၄) နှစ်တိတိပြည့်သွားပြီဖြစ်တဲ့ မေဦးနဲ့ ဟန်လင်းတို့စုံတွဲလေးကိုတော့ ပရိသတ်တွေကလည်း အားကျနေရတာ ဖြစ်ပါတယ်။ အခုလည်း မေဦးတို့ချစ်သူနှစ်ယောက်က ကြည်နူးစရာကောင်းလောက်အောင် အတွဲညီညီနဲ့ Tik Tok ကစားပြလိုက်တာဖြစ်ပါတယ်။ 

Photo Credit-May Oo's FB Acc
Photo Credit-May Oo's FB Acc
Photo Credit-May Oo's FB Acc

မေဦးတို့စုံတွဲလေးက Tik Tok မှာရေပန်းစားနေတဲ့ သီချင်းလေးနဲ့ ရုပ်ပြောင်လေးတွေလုပ်ကာ ပျော်ပျော်ပါးပါး Tik Tok ကစားခဲ့ကြတာပဲ ဖြစ်ပါတယ်။ မေဦးကတော့ ချစ်သူဟန်လင်းကို အနမ်းလေးပေးလိုက်ကာ Romantic ဆန်ဆန်ချစ်ပြခဲ့ပြီး နှစ်ယောက်သားအရမ်းကို လိုက်ဖက်နေကြတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မေဦးနဲ့ ဟန်လင်းတို့စုံတွဲလေးရဲ့ကြည်နူးစရာ Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Video Credit-May Oo's Tik Tok Acc

Photo Credit-Zicky Le & Han Lin's FB Acc
Photo Credit-May Oo's FB Acc
@mayoomagic

Love bards chit lar?@hanlinofficial

original sound - Ralph Tamayo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။