မင်းသမီးကြီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီဝါဝါ၀င်းရွှေကတော့ တစ်ခေတ်တစ်ခါမှာ အရမ်းနာမည်ကြီးပြီး အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ဝါဝါ၀င်းရွှေက တစ်ခေတ်မှာဆိုရင် အရမ်းကိုလှပခဲ့ပြီး ယနေ့အချိန်ထိတိုင် ကျက်သရေရှိတဲ့ အလှတရားတွေနဲ့ အရွယ်တင်နုပျိုနေတာဖြစ်ပါတယ်နော်။ဝါဝါ၀င်းရွှေရဲ့ အနုပညာအမွေကို ဆက်ခံမယ့် မြေးမလေးတွေကလည်း အဖွားလိုပဲ အရမ်းချောကြတဲ့ ကလေးလေးတွေဖြစ်ပါတယ်။

Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:ဝါသွေး- Alice's Facebook Page
Photo Credit:ဝါသွေး- Alice's Facebook Page

ဆယ်ကျော်သက်အရွယ်လေးတွေပဲရှိသေးတဲ့ ဝါရွှေနွယ်သွေးဝင်းနဲ့ ဝင်းဝါပန်းမြတ်သူတို့ ညီအစ်မနှစ်ယောက်ကတော့ အနုပညာအလုပ်တွေကို အနည်းအကျဉ်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ဝါသွေးလေးဆိုရင် ဖွားဖွားနဲ့လည်း ဇာတ်ကားတွေအတူတူရိုက်ထားသလို နောက်ထပ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ဦးမှာဖြစ်ပါတယ်။ဝါသွေးတို့ညီအစ်မနှစ်ယောက်လုံးကတော့ အခုအရွယ်ကတည်းက ပရိသတ်တွေရဲ့အာပေးချစ်ခင်မှုတွေကို တစ်ခဲနက်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:Wa Wa Win Shwe's Facebook Account
Photo Credit:ဝါသွေး- Alice's Facebook Page

ဝါဝါ၀င်းရွှေကလည်း မြေးမလေးနှစ်ယောက်ကို မြေတောင်မြှောက်ပေးပြီး သူမနဲ့အတူ လက်တွဲခေါ်ဆောင်ပါတယ်နော်။အခုဆိုရင်တော့ ဝါရွှေနွယ်သွေးဝင်းက ဖွားဖွားနဲ့အတူ Beauty Salon ကို အတူသွားပြီး ဆံနွယ်လေးတွေကို လှလှလေးဖြစ်အောင် သေချာပြောင်းလဲထားတာဖြစ်ပါတယ်။ဖွားဖွား ဝါဝါ၀င်းရွှေကလည်း မြေးမလေးနဲ့အတူ အရမ်းပဲချစ်စရာကောင်းနေပြီး မြေးအဖွားနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:ဝါသွေး- Alice's Facebook Page
Photo Credit:ဝါသွေး- Alice's Facebook Page
Photo Credit:ဝါသွေး- Alice's Facebook Page

Source&Photo Credit:ဝါသွေး- Alice's Facebook Page/Wa Wa Win Shwe's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။