ပရိသတ်ကြီးရေ....အနုပညာလောကမှာ နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေပြီး အကယ်ဒမီဆုများစွာကိုလည်းသိမ်းပိုက်ထားတဲ့ မင်းသမီးချောကြီးမေသန်းနုကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာတစ်ခေတ်တခါတည်းက အောင်မြင်မှုရရှိခဲ့တဲ့မင်းသမီးတစ်ယောက်ဖြစ်ပြီး ယနေ့ထိတိုင်လည်း ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ရရှိနေတာပဲဖြစ်ပါတယ်။ မေသန်းနုရဲ့သားချောလေးဖြစ်တဲ့ မင်းသန့်မောင်မောင်ကလည်း အခုဆိုရင် အနုပညာအလုပ်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်ပြီး ဖေဖေစင်ရော်မောင်မောင်ရဲ့ အနုပညာအမွေကိုလက်ခံပြီး ဒါရိုက်တာတစ်ယောက်အနေနဲ့ရပ်တည်နေတာပါနော်။


Photo Credit-Zin Yaw Mg Mg's Facebook acc
Photo Credit-Zin Yaw Mg Mg's Facebook acc

မေသန်းနုဟာပြစ်ဒဏ်ကလွတ်မြောက်ပြီးနောက်မှာ ကောင်းမှုကုသိုလ်တွေကို အဆက်မပြတ်လုပ်ဆောင်နေတာလည်းဖြစ်ပြီးတော့ အခုလက်ရှိမှာဆိုရင်လည်း ဆရာလေးသုန္ဒရာနရီအနေနဲ့ လှည်းကူးမြို့နယ်၊ ဥယျာဉ်ဝ ကျေးရွာရှိ သဘာဝ ဓမ္မဂယာ တရားရိပ်သာမှာတရားအားထုတ်နေတာလည်းဖြစ်ပါတယ်။ သားလေးဖြစ်တဲ့မင်းသန့်မောင်မောင်ဟာ မေမေ့အတွက် လိုအပ်တာမှန်သမျှကိုဖြည့်ဆည်းပေးတဲ့သားလိမ္မာလေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေအရမ်းကိုအားကျချစ်ခင်ရတဲ့သူလေးလည်းဖြစ်ပါတယ်။


Photo Credit-Zin Yaw Mg Mg's Facebook acc
Photo Credit-Zin Yaw Mg Mg's Facebook acc

မင်းသန့်ဟာ ဒီနေ့ဇူလိုင်လ ၂၉ရက်နေ့လေးမှာလည်း မိခင်ဖြစ်သူသာ့သနာဘောင်ဝင်ရောက်နေတဲ့ကျောင်းလေးကို သားအဖနှစ်ယောက်သွားရောက်ကြပြီး ဆွမ်းကပ်ကာကောင်းမှုကုသိုလ်တွေ လုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို စင်ရော်မောင်မောင်ဟာသူ့ရဲ့ Facebookစာမျက်နှာတွင် "ဆရာလေးသုန္ဒရာနရီဆီထံ သားသားမင်းသန့်မောင်မောင်ရောက်ရှိခဲ့ပါသည်"ဆိုတဲ့ captionလေးနဲ့ပုံလေးတွေတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo Credit-Zin Yaw Mg Mg's Facebook acc
Photo Credit-Zin Yaw Mg Mg's Facebook acc

Source-Zin Yaw Mg Mg's Facebook acc

Photo Credit-Zin Yaw Mg Mg's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။