ချစ်ပရိသတ်ကြီးရေ ကိုပေါက်ကတော့ အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားနေတဲ့ သူတစ်ယောက်ဖြစ်လို့ မိတ်ဆက်ပေးစရာမလိုလောက်အောင် ရင်းနှီးပြီးသားဖြစ်မှာပါနော်.။ ကိုပေါက်က ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်ဖြစ်သလို ဇာတ်ညွှန်းရေး ဒါရိုက်တာ တစ်ယောက်လည်းဖြစ်တာကြောင့် ဘက်စုံတော်တဲ့ အနုပညာရှင်တစ်ယောက်ပါ။ သူရဲ့ ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရင်ထဲ နေရာတစ်ခုအခိုင်အမာရယူထားပြီး အချစ်၊အမုန်း ၊ အလွမ်း၊ အဆွေး၊ ဟာသ စ တာတွေမှာလည်း ပီပြင်ပိုင်နိုင်တာကို တွေ့ရပါတယ်။ 

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ကိုပေါက်က ကပ်ရောဂါဖြစ်နေစဉ် Stay Homeကာလမှာ အပျင်းပြေ Tiktokလေးတွေ ဆော့ကစားရင်း သူရဲ့ Tiktokလေးတွေက လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေပန်းစားအောင်မြင်နေတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကိုပေါက်က သူရဲ့ စိတ်ကူးဉာဏ်လေးတွေနဲ့ ဖန်တီး ရိုက်ကူးထားတဲ့ ဟာသဗီဒီယိုဖိုင်လေးတွေကလည်း ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေခဲ့တာပါနော်။ လတ်တလောမှာတော့ ကိုပေါက်က ရပ်နားထားရတဲ့ အနုပညာလှုပ်ရှားမှုလေးတွေကို ပြန်လည်လုပ်ကိုင်နေပြီလည်းဖြစ်ပါတယ်။

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

ယနေ့မှာတော့ ကိုပေါက်က သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။ ကိုပေါက်က Covidမဖြစ်ခင်က အနုပညာလှုပ်ရှားမှုတွေများစွာလုပ်ခဲ့ရတာကို ပြန်လည်သတိရနေခဲ့ပြီး ရိုက်ကွင်းက အမှတ်တရ ပုံရိပ်လေးတွေကို တင်ပေးလာတာပါ။ အမှတ်တရ ပုံလေးတွေအပြင် " ရိုက်ကွင်းများကို သတိရ "ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account
Photo credit - Aung Min Naing's FB account

Photo credit - Aung Min Naing's FB account

Source - Aung Min Naing's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။