ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ချမ်းချမ်းကတော့ တေးသီချင်းလေးတွေကို အသံချိုချိုလေးနဲ့သီဆိုပြီး ပရိသတ်တွေကို နားဝင်ချိုမှုလေးတွေ ပေးနိုင်တဲ့ အဆိုတော်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ချမ်းချမ်းက အနုပညာအလုပ်တွေကို ယနေ့ထိတိုင် ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပြီး ပရိသတ်တွေကလည်း သူမကိုအားပေးကြသလို သူမရဲ့သီချင်းသစ်လေးတွေကိုလည်း စောင့်မျှော်နေကြတာဖြစ်ပါတယ်။

Photo Credit:Chan Chan's Facebook Account
Photo Credit:Chan Chan's Facebook Account
Photo Credit:Chan Chan's Facebook Account

ချမ်းချမ်းက သမီးချောလေးတစ်ယောက်ကိုလည်း မွေးဖွားထားပြီး သမီးလေးကိုလည်း လိုလေသေးမရှိအောင် ဂရုစိုက်ပေးတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။ချမ်းချမ်းရဲ့သမီးချောလေး မြမိုးဂင်္ဂါလေးကလည်း မိဘအပေါ်မှာ သိတတ်လိမ္မာပြီး မေမေ့ကို စိတ်ချမ်းသာအောင်ထားပေးတဲ့သမီးလေးဖြစ်ပါတယ်။ချမ်းချမ်းက သမီးလေးနဲ့အတူ ခရီးတွေလည်းအတူတူသွားပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:Chan Chan's Facebook Account
Photo Credit:Chan Chan's Facebook Account
Photo Credit:Chan Chan's Facebook Account

ချမ်းချမ်းက တစ်ဦးတည်းသောသမီးလေးရဲ့ ဝေယျာဝစ္စတွေကို သူမကိုယ်တိုင်လုပ်ဆောင်ပေးတာဖြစ်ပါတယ်နော်။အခုဆိုရင်လည်း သမီးလေးကို သူမကိုယ်တိုင်ရေချိုး၊ခေါင်းလျှော်ပေးပြီး သေချာဂရုစိုက်ပေးနေတာဖြစ်ပါတယ်။ချမ်းချမ်းတို့သားအမိနှစ်ယောက်ကတော့ ချစ်ခင်ကြင်နာမှုအပြည့်နဲ့ ပျော်ရွှင်နေကြတဲ့ ပုံရိပ်လေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Chan Chan's Facebook Account
Photo Credit:Chan Chan's Facebook Account
Photo Credit:Chan Chan's Facebook page

Photo Credit:Chan Chan's Facebook page/Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။