ပိုပိုကတော့ ကိုယ်ပိုင်တေးသီချင်းလေးတွေနဲ့ ဝင်ရောက်လာခဲ့ပြီး အသံလည်းကောင်းသလို သီချင်းလေးတွေကလည်း ခံစားလို့ကောင်းတာကြောင့် လူငယ်တွေကြားမှာ ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော်မလေး ဖြစ်ပါတယ်။ သူမရဲ့အသံက ဆွဲဆောင်မှုရှိသလို သီချင်းစာသားလေးတွေကလည်း ပရိသတ်ရင်ကို ထိစေတာကြောင့် နာမည်ကြီးအောင်မြင်နေတာပဲ ဖြစ်ပါတယ်။ သူမအနေနဲ့ ဂီတသီချင်းအမျိုးအစား များစွာကို ပိုင်ပိုင်နိုင်နိုင် သီဆိုနိုင်ပြီး တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိခဲ့ပါတယ်။

Photo Credit : Po Po Facebook Page
Photo Credit : Po Po Facebook Page

အလုပ်တွေကြိုးစားသလို ဘာသာရေးလည်း ကိုင်းရှိုင်းသူ တစ်ယောက်ဖြစ်ပြီး အလှူအတန်းတွေလည်း မကြာခဏ ပြုလုပ်လေ့ရှိသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ အင်းလေးကိုရောက်ရှိနေတာဖြစ်ပြီး အရိပ်ကလေးလို MV လေးကို ပိုင်တံခွန်နဲ့အတူရိုက်ကူးနေတယ်လို့လည်းသိရပါတယ်။အခုလည်း အရမ်းသာယာလှတဲ့ နေရောလေးမှာ ရှုခင်းလေးတွေနဲ့အပြိုင် အခါခါကြည့်ချင်မိရလောက်အောင် လှနေတဲ့ ပုံရိပ်လေးတွေကို ဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Po Po Facebook Page
Photo Credit : Po Po Facebook Page

ပုံလေးတွေတိုင်းမှာ ပိုပိုတစ်ယောက် ချစ်ဖို့ကောင်းနေတာလည်းဖြစ်ပါတယ်။ပိုပိုရဲ့ ပေါ့ပေါ့ပါးပါးဖက်ရှင်လေးနဲ့ ချစ်စရာကောင်းနေတဲ့ ဟန်ပန်အမူအရာလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေခဲ့တာလည်း ဖြစ်ပါတယ်။ချစ်ပရိသတ်ကြီးလည်း သူမရဲ့ ပုံရိပ်လေးတွေကို ကြည့်ရှုနိုင်စေရန် ဖော်ပြပေးလိုက်ပါတယ်။ ပိုပိုလည်း ဒီထက်မက အောင်မြင်မှုတွေရရှိပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Po Po Facebook Page
Photo Credit : Po Po Facebook Page

Source & Photo Credit : Po Po Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။