ရုပ်ရှင်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အိအိတုန်ကတော့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဇာတ်ပို့နေရာကနေ သူမရဲ့အရည်အချင်းတွေနဲ့ အကောင်းဆုံးသရုပ်ဆောင်နိုင်ခဲ့တဲ့ အိအိတုန်က ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။ အိအိတုန်က စကားပြောပွင့်လင်းပြီး ဟန်ဆောင်မှုကင်းကင်းနဲ့နေထိုင်တတ်သူလေးဆိုရင်လည်း မမှားပါဘူးနော်။

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

လက်ရှိမှာတော့ အိအိတုန်က Online Shopping လုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်နေရင်း အောင်မြင်မှုရရှိနေတာ ဖြစ်ပါတယ်။ သမီးလေးတစ်ယောက်ပိုင်ဆိုင်ထားတဲ့ အိအိတုန်က အခုဆိုရင် ဒုတိယမြောက်ရင်သွေးလေးကိုတောင် ကိုယ်ဝန်လွယ်ထားရပြီပဲ ဖြစ်ပါတယ်။ ကလေးမေမေဖြစ်တာတောင်မှ လှနေဆဲဖြစ်တဲ့အိအိတုန်က အခုလည်း ငယ်ရွယ်စဉ်အချိန်တုန်းက ပိန်ပိန်သွယ်သွယ် Body လေးနဲ့လှခဲ့တဲ့ပုံလေးတွေကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ်။

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

အိအိတုန်က " မမဗိုက်လေး ဒီလိုတွေပိန်ခဲ့တယ်ဆိုတာယုံလား ဒါပေမယ့် ဝတာကိုကျေနပ်နေသူပါ ဘယ်သူဘာပြောပြော အဲ့ဝတာလေးနဲ့ပဲ စီးပွားရေးလုပ်ရတာ အဆင်ပြေနေတာလေ အဲ့တော့ဝနေတာ အရမ်းကျေနပ် ပြန်တက်လာလို့တင်တာ လွမ်းလို့ဟုတ်ဘူး အဲ့လိုမပြောလည်း ဒီလိုခန္ဓာကိုယ်က ပြန်ရမှာမှမဟုတ်တာကိုနော်" ဆိုပြီး သူမရဲ့ပုံလေးတွေကိုတင်ထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်အိအိတုန်ရဲ့အလှပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source & Photo Credit-Ei Tone's FB Acc 

Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc
Photo Credit-Ei Tone's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။