မြန်မာဂုဏ်ဆောင်အောင်လအန်ဆန်ကတော့ မြန်မာတစ်နိုင်ငံက ပြည်သူတွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အားကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။အောင်လအန်ဆန်ကတော့ အေးချမ်းသာယာတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးကို ပိုင်ဆိုင်ထားနိုင်ခဲ့သူလေးပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်ရဲ့ သားလေးအောင်ဒီးနဲ့ သမီးလေးဆန့်ဆိုင်းတို့ကတော့ ပရိသတ်တွေရဲ့ အသည်းတစ်ခြမ်းမှာ နေရာယူထားနိုင်သူလေးပဲဖြစ်ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ရဲ့ သားလေးနဲ့ သမီးလေးကတော့ ချစ်စရာကောင်းလွန်းတဲ့ ပုံစံလေးတွေ ချစ်စရာအပြုံးလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုရတဲ့ ကလေးငယ်လေးတွေပဲ ဖြစ်ကြပါတယ်။ အောင်လအန်ဆန်ကတော့ ယခုမှာ မြန်မာတို့ရဲ့ဓလေ့ထုံးစံအတိုင်း သမီးလေးကို သဘက်လေးနဲ့ လွယ်ပြီး ဟိုဟိုဒီဒီခေါ်သွားနေပြီဖြစ်ပါတယ်။ အောင်လအန်ဆန်တို့ရဲ့ သားအဖနှစ်ယောက်ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေဟာ ပရိသတ်တွေကို အချစ်တွေပိုစေခဲ့ပါတယ်။

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

အောင်လအန်ဆန်ကတော့ " ကျွန်တော်ငယ်ငယ်တုန်းက၊ကျွန်တော့်ကိုအခုလိုပဲ၊ပိုးသဘက်နဲ့ချီပိုးပြီးဟိုသွားဒီသွားခေါ်သွားကြတယ်ခင်ဗျ။အခုတော့၊ကျွန်တော့်ချစ်သမီးလေးကိုကျွန်တော်၊ပိုးသဘက်နဲ့ချီပိုးပြီးဟိုဟိုဒီဒီခေါ်သွားနေပါပြီ " ဆိုပြီး သူရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ချစ်စရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် အောင်လအန်ဆန်တို့ သားအဖနှစ်ယောက်ရဲ့ ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

source : Aung La Nsang(Burmese Python) 's facebook page

photo credit : Aung La Nsang(Burmese Python) 's facebook page
photo credit : Aung La Nsang(Burmese Python) 's facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။