စူစူလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ခေါ်ကြတဲ့ သရုပ်ဆောင် မင်းသမီးချောလေး အိချောပိုကတော့ သူမရဲ့ ကျစ်လစ်သွယ်လျတဲ့ ကိုယ်လုံးလေးကြောင့် ပရိသတ်တွေအားလုံးက ချစ်နေရတဲ့ ပြည်သူချစ်မင်းသမီးချောလေး တစ်ဦးလည်း ဖြစ်ပါတယ်။ သူမ ပါဝင်သရုပ်ဆောင်တဲ့ဇာတ်ကားတိုင်းကိုလည်း အပိုလိုမရှိကွက်တိသရုပ်ဆောင်နိုင်တဲ့ မင်းသမီးလေးတစ်လက်လည်း ဖြစ်ပါတယ်။ လတ်တလောမှာလည်း ကြော်ငြာလေးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။

Photo Crd - Ei Chaw Po's Facebook Page
Photo Crd - Ei Chaw Po's Facebook Page
Photo Crd - Ei Chaw Po's Facebook Page

သူမရဲ့ အနုပညာသက်တမ်းဟာလည်း ဆယ်စုနှစ်ကျော်တိုင်ခဲ့ပြီဖြစ်ပြီး ယနေ့ချိန်ထိ ပရိသတ်တွေက ချစ်ခင်အားပေးနေရတဲ့ ထိပ်တန်းမင်းသမီး တစ်လက်အဖြစ်ရပ်တည်လျက် ရှိနေတာလည်း ဖြစ်ပါတယ်။ စူစူရဲ့ ကြော်ငြာလေးတွေဟာလည်း ကြည့်ရှုသူပရိသတ်တွေကို အခါခါပြန်ကြည့်ရလောက်အောင် ဆွဲဆောင်နိုင်လွန်းနေတာလည်း ဖြစ်ပါတယ်။ အခုမှာလည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd - Ei Chaw Po's Facebook Page
Photo Crd - Ei Chaw Po's Facebook Page
Photo Crd - Ei Chaw Po's Facebook Page

ဒါကတော့ " စူ့ရဲ့ ပထမဆုံး photo shooting vlog လေးပါရှင့် နောက်ပိုင်းမှာ စူ့ရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကို ဒီ Page နဲ့ စူ့ YouTube Channel တွေမှာတင်ပေးသွားမယ်နော် အားလုံးချစ်တယ် " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ စူစူဟာ ဇွဲထက် ရွှေဆိုင်ရဲ့ ကြော်ငြာရိုက်ကူးနေတာလည်း ဖြစ်ပြီး လက်ဝတ်ရတနာလေးတွေကလည်း သူမရဲ့ အသားအရည်နဲ့ ထင်းကနဲ တောက်ပစွာ လှပနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် အိချောပိုရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd - Ei Chaw Po's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။