ချစ်ပရိသတ်ကြီးရေ မင်းသားကြီး နေမျိုးအောင်ကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီလည်း ဖြစ်ပါတယ်။ နေမျိုးအောင်က ဘက်စုံတော်တဲ့ ချစ်ဇနီးချောလေးနဲ့အတူ ဘဝရဲ့ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်ရင်း ယခုလို အောင်မြင်မှုတွေရရှိနေခဲ့တာလည်းဖြစ်ပါတယ်။ နေမျိုးအောင်က ချစ်ဇနီးနဲ့အတူ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကိုလည်း တည်ဆောက်ထားပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတာပါ။ 

Photo credit -Nay Myo Aung's FB account
Photo credit -Nay Myo Aung's FB account

ဒါ့အပြင် နေမျိုးအောင်က သူနဲ့တူတဲ့ သားချောလေး နှစ်ယောက်ကိုလည်း မွေးဖွားထားပါသေးတယ်နော်။ နေမျိုးအောင်က အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိခဲ့ပေမယ့် ယခုအချိန်မှာတော့ ခေတ္တ ရပ်နားထားတာလည်း တွေ့ရပါတယ်။ သူရဲ့ အနုပညာအမွေကို သားကြီးဖြစ်တဲ့ မင်းထိုက်ကိုလည်း လက်ဆင့်ကမ်းပေးခဲ့တာပါနော်။ နေမျိုးအောင်က လိမ္မာရေးခြားရှိတဲ့ သားသားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်လို့ အပျော်ကြီး ပျော်နေတာကိုလည်း​ တွေ့ရပါတယ်။

Photo credit -Nay Myo Aung's FB account
Photo credit -Nay Myo Aung's FB account

နေမျိုးအောင်က ချစ်ရတဲ့ မိသားစုနဲ့အတူ အေးချမ်းသာယာစွာနေထိုင်နေပြီး ကြည်နူးစရာကောင်းတဲ့ မိသားစု ပုံရိပ်လေးတွေကိုလည်း မျှဝေပေးလေ့ရှိသူပါ။ ယနေ့မှာလည်း နေမျိုးအောင်က မိသားစုတွေ ရိုက်ကူးထားတဲ့ အလှပုံရိပ်လေးတွေကို တင်ပေးလာတာဖြစ်လို့ ပြန်လည်မျှဝေလာခဲ့ပါတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း နေမျိုးအောင်တို့ မိသားစု ပုံရိပ်လေးတွေကို ကြည့်ရှုပြီး အချစ်ပိုနေမှာ အသေအချာပဲမို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit -Nay Myo Aung's FB account
Photo credit -Nay Myo Aung's FB account

Photo credit -Nay Myo Aung's FB account

Source -Nay Myo Aung's FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။