ပရိသတ်ကြီးရေ MRTV-4 မင်းသားချောလေး ကျော်ထက်ဇော် ကတော့ အနုပညာလောကမှာ အချိန်အတိုတွင်း နေရာတစ်နေရာကို ရပ်တည် ထားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ကျော်ထက်ဇော် ဟာ " အချစ်ဖွဲ့လေညင်း " ရုပ်သံဇာတ်လမ်းလေးထဲမှာတော့ ချစ်စရာကောင်းတဲ့ အမူရာလေးတွေနဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အသည်းတွေကိုလှုပ်ခါနိုင်ခဲ့တဲ့ မင်းသားချောလေးပါနော်။ ဒါ့အပြင် သူ့ရဲ့ အနုပညာကြိုးစားအားထုတ်မှုတွေကလည်း တစ်နေ့တခြား ပိုပြီးအောင်မြင်လာတာကို တွေ့ရပါတယ်။

Photo Credit -Kyaw Htet Zaw's facebook Page
Photo Credit -Kyaw Htet Zaw's facebook Page

လတ်တလောမှာတော့ ကျော်ထက်ဇော် က အနုပညာအလုပ်တွေကို ပြန်လည်လုပ်ကိုင်နေပြီး ခရီးတွေကိုလည်း ဆက်တိုက်ထွက်နေရတာဖြစ်ပါတယ်။ ဒါ့အပြင် သူရောက်ရှိတဲ့ ခရီးစဉ်တိုင်းက အမှတ်တရ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးတာကို တွေ့ပါတယ်။ ယခုတစ်ခါမှာလည်း မင်းသားကျော်ထက်ဇော် က မြန်မာပြည်ရဲ့ အထင်ကရ နေရာတစ်ခုဖြစ်တဲ့ ပုဂံ ကိုရောက်ရှိနေပြီး သူ့ရဲ့ အမှတ်တရ ပုံတချို့ကို ပရိသတ်တွေအတွက် လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးလာခဲ့ပြန်ပါပြီနော်...။

Photo Credit -Kyaw Htet Zaw's facebook Page
Photo Credit -Kyaw Htet Zaw's facebook Page

ဒီပုံရိပ်လေးတွေထဲမှာတော့ ကျော်ထက်ဇော် က နှုတ်ခမ်းနီမလေးတွေ အသည်းယားလောက်မယ့် အမူအရာလေးတွေနဲ့ ပုဂံ ရဲ့ အထင်ကရ နေရာတွေကို နောက်ခံကာ ဓာတ်ဖမ်းထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီပုံလေးတွေနဲ့ ကျော်ထက်ဇော်က " အဆင့်၁တော့မရဖူးပေမယ့် အချစ်စစ်တော့ရဖူးချင်တယ်... ပေးနိုင်မလားခင်ဗျာ" ဆိုပြီး စကားလုံးလှလှလေးတွေနဲ့ ရေးသားဖော်ပြပေးထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသားကျော်ထက်ဇော် ရဲ့ ပုဂံ ကိုရောက်နေတဲ့ အမှတ်တရ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit -Kyaw Htet Zaw's facebook Page

Source - Kyaw Htet Zaw's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။