ပရိသတ်ကြီးရေ.....ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အနုပညာလောကထဲစတင်၀င်ရောက်လာခဲ့ပြီး ပရိတ်သတ်အားပေးချစ်ခင်မှုအပြည့်အ၀ရရှိခဲ့တဲ့ ယွန်းယွန်းကိုသိကြမယ်ထင်ပါတယ်နော်။ ငယ်စဉ်ကတည်းက ပီပြင်ပိုင်နိုင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် ပရိသတ်အချစ်တွေရရှိထားတဲ့ ယွန်းယွန်းဟာပြုံးလိုက်တိုင်း ဆွဲဆောင်မှုရှိတဲ့ ပါးချိုင့်လေးနဲ့လည်း ဖမ်းစားတတ်သလို ချစ်စရာဟန်ပန်လေးတွေနဲ့လည်း ပရိသတ်တွေကို အချစ်ပိုစေသူလေးဖြစ်ပါတယ်။


Photo credit-Ma Hsu Myat Noe
Photo credit-Ma Hsu Myat Noe

ယွန်းယွန်းဟာ ငယ်စဉ်တည်းကသရုပ်ဆောင်ပိုင်းမှာထူးချွန်တဲ့သူလေးဖြစ်တာကြောင့် ကလေးသရုပ်ဆောင်တစ်ယောက်အနေနဲ့ အကယ်ဒမီထူးချွန်ဆုကြီးကိုရရှိထားတဲ့သူလေးဖြစ်ပါတယ်။ ယွန်းယွန်းဟာ ပညာရေးဘက်ကိုဦးစားပေးပြီးအနုပညာလှုပ်ရှားမှုတွေနည်းသွားခဲ့ပေမယ့် အခုအခါမှာတော့ အနုပညာလှုပ်ရှားမှုတွေကိုသေချာကြိုးစားလုပ်ကိုင်လာနေပြီဖြစ်ပြီး ဇာတ်ကားတွေပါပြန်လည်ရိုက်ကူးနေပြီလည်းဖြစ်ပါတယ်နော်။


Photo credit-Ma Hsu Myat Noe
Photo credit-Ma Hsu Myat Noe

ယွန်းယွန်းဟာ မကြာသေးမီကလည်း သူမရဲ့Facebookစာမျက်နှာမှာ "အရောင်နုနုလေးတွေက ခံစားချက်နုနုလေးတွေပေးတယ်" ဆိုတဲ့captionလေးနဲ့ သူမရဲ့ဆံနွယ်ရှည်ရှည်လေးတွေနဲ့ ပရိသတ်တွေ ချစ်အားပိုသွားစေနိုင်တဲ့ ပုံလေးတွေကို တင်ပေးလာပါတယ်။ ကဲ.....ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Photo credit-Ma Hsu Myat Noe
Photo credit-Ma Hsu Myat Noe

Source-Yoon Yoon's Facebook page

Photo credit-Ma Hsu Myat Noe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။