ရုပ်ရှင်သရုပ်ဆောင်စည်သူမောင်ကတော့ ခန့်ညားတဲ့ရုပ်ရည်လေးကြောင့် နှုတ်ခမ်းနီမလေးတွေ သည်းသည်းလှုပ်အားပေးရတဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။စည်သူမောင် ပါဝင်သရုပ်ဆောင်ထားတဲ့ ဗီဒီယိုဇာတ်ကားတွေနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပရိသတ်တွေကအားပေးကြည့်ရှု့ကြပြီး သူ့ရဲ့အနုပညာအရည်အသွေးတွေကို ချီးကျူးကြပါတယ်။စည်သူမောင်က ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်နဲ့လုပ်ဆောင်နေဆဲဖြစ်ပါတယ်နော်။

Photo Credit:Si Thu Maung's Facebook Account
Photo Credit:Si Thu Maung's Facebook Account
Photo Credit:Si Thu Maung's Facebook Account

စည်သူမောင်က မင်းသားချောပိုင်ဇေရဲထွန်းနဲ့လည်း ညီအစ်ကိုအရင်းတွေလို အရမ်းခင်မင်ကြပြီး ပိုင်ဇေရဲထွန်းတို့အိမ်ကိုလည်း မကြာခဏသွားလည်နေကျဖြစ်ပါတယ်။ပိုင်ဇေရဲထွန်းရဲ့ချစ်ဇနီးချောလေး ဇင်သဲနိုင်ကလည်း စည်သူမောင်နဲ့ရင်းနှီးပြီး အချင်းချင်းစလိုက်နောက်လိုက်နဲ့ ခင်မင်နေကြတာဖြစ်ပါတယ်။ပိုင်ဇေရဲထွန်းရဲ့ကလေးသုံးယောက်လုံးကိုလည်း စည်သူမောင်က ချစ်ခင်ပြီး တစ်ခါတစ်လေလည်း အတူတူဆော့ကစားပေးပါတယ်နော်။

Photo Credit:Si Thu Maung's Facebook Account
Photo Credit:Si Thu Maung's Facebook Account
Photo Credit:Si Thu Maung's Facebook Account

အခုဆိုရင်တော့ စည်သူမောင်က ပိုင်ဇေရဲထွန်းရဲ့သားအလတ်လေးကို မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။" Happy Birthday ပျော်ရွှင်ဖွယ် မွေးနေ့လေး ဖြစ်ပါစေ ဦးစည် ချစ်ရတဲ့ တိုးတိုးလေးရေ သက်ရှည်ကျန်းမာပါစေ အစစအရာရာလိုရာဆန္ဒများပြည့်ဝပါစေ"ဆိုပြီး ရေးသားကာ ပိုင်ဇေရဲထွန်းရဲ့သားသမီးသုံးယောက်နဲ့ အမှတ်တရရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို စည်သူမောင်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Si Thu Maung's Facebook Account
Photo Credit:Si Thu Maung's Facebook Account
Photo Credit:Si Thu Maung's Facebook Account

Source&Photo Credit:Si Thu Maung's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။