ပရိသတ်ကြီးရေ.. အနုပညာလောကထဲကို ဆယ်စုနှစ်တွေကတည်းက ဝင်ရောက်လာခဲ့ပြီး ပီပြင်တဲ့သရုပ်ဆောင်ပိုင်နိုင်မှုတွေအပြင် ချောမောခန့်ညားတဲ့ ဥပဓိရုပ်ရည်ကြောင့် အောင်မြင်မှုတွေအခိုင်အမာရရှိခဲ့သူကတော့ အကယ်ဒမီမင်းသားကြီး ဦးကျော်သူပဲ ဖြစ်ပါတယ်..။

ချောမောခန့်ညားပြီး ဆွဲဆောင်မှုရှိတဲ့ ပုံရိပ်လေးတွေကြောင့် ငယ်ရွယ်စဉ်အချိန်က မိန်းကလေးပရိသတ်တွေကြား အရမ်းကိုရေပန်းစားခဲ့ပြီး ဇာတ်ကားပေါင်းများစွာနဲ့ ရိုက်ကူးကာ အကယ်ဒမီထူးချွန်ဆုတွေကိုပါ သိမ်းပိုက်ထားတဲ့ ဦးကျော်သူဟာ လတ်ရှိမှာလည်း အနုပညာအလုပ်တွေကို လုပ်ဆောင်နေသလို လေးစားစရာကောင်းလောက်အောင် လူမှုအကျိုးပြု လုပ်ငန်းတွေကိုလည်း တစိုက်မတ်မတ်ဦးဆောင် လုပ်ကိုင်နေသူလည်း ဖြစ်ပါတယ်နော်..။


Photo Credit – Kyaw Thu’s Fb Account
Photo Credit – Kyaw Thu’s Fb Account
Photo Credit – Kyaw Thu’s Fb Account
Photo Credit – Kyaw Thu’s Fb Account
Photo Credit – Kyaw Thu’s Fb Account

အနုပညာလောကမှာ အကယ်ဒမီကျော်သူဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အောင်မြင်စွာ ရပ်တည်နေနိုင်သလို နာရေးကူညီမှုအသင်း(ရန်ကုန်)ရဲ့ ဥက္ကဋ္ဌအဖြစ်လည်း လုပ်ဆောင်နေပြီး ကိုယ်အားရော ငွေအားနဲ့ပါ ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံကာ ကုသိုလ်လေးတွေပြုနေတဲ့ ဦးကျော်သူဟာ အခုတစ်ခါမှာလည်း အောင်ပန်းမြို့လေးမှာ လှူဒါန်းမှုလေးတွေ ပြုလုပ်ခဲ့ပြန်ပါတယ်နော်..။

ရှမ်းပြည်နယ် အောင်ပန်းမြို့အစိုးရဆေးရုံကြီးမှာရှိတဲ့ လူနာတွေအပြင် လူနာစောင့်တွေနဲ့ ချုပ်နှောင်ခံထားရတဲ့ အကျဉ်းသားများအတွက် နာရေးကူညီမှုအသင်းသားတွေနဲ့အတူ ဦးကျော်သူတို့ ဇနီးမောင်နှံက မနက်စာအာဟာရဒါလေးတွေ ပြုလုပ်လှူဒါန်းခဲ့ကြတာပါ..။


Photo Credit – Kyaw Thu’s Fb Account
Photo Credit – Kyaw Thu’s Fb Account
Photo Credit – Kyaw Thu’s Fb Account
Photo Credit – Kyaw Thu’s Fb Account
Photo Credit – Kyaw Thu’s Fb Account

နံနက်ခင်း အာဟာရဒါလေးအဖြစ် ထမင်းဆီဆမ်းပူပူ၊ ကြက်သားကြော်နဲ့ ငရုတ်သီးကြော် တို့ကို ငွေကျပ် (၁၀၀၀၀၀/-) တစ်သိန်းကျပ်ဖိုး လှူဒါန်းခဲ့ပြီး ဆေးရုံကြီးဝင်ရာလမ်း တံတားအတွက် အလှူငွေ(၁၀၀၀၀ဝိ/-) တစ်သိန်းကျပ်ကိုလည်း ထပ်မံလှူဒါန်းခဲ့ပါသေးတယ်နော်..။

ကဲ.. ပရိသတ်ကြီးရေ.. အောင်ပန်းမြို့လေးမှာ ချမ်းအေးတဲ့ရာသီဥတုကို အန်တုရင်း ချစ်ဇနီးချောလေးအပြင် ချစ်ရတဲ့နာကူအဖွဲ့သားတွေနဲ့ပါ စည်းစည်းလုံးလုံး အလှူလေးပြုလုပ်နေတဲ့ ဦးကျော်သူတို့ရဲ့ ကြည်နူးစရာပုံရိပ်လေးတွေကိုကြည့်ရင်း ပရိသတ်တွေလည်း သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့ မျှော်လင့်ရင်း ပီတိဖြစ်စရာအလှူပုံလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit – Kyaw Thu’s Fb Account
Photo Credit – Kyaw Thu’s Fb Account
Photo Credit – Kyaw Thu’s Fb Account

Source & Photo Credit – Kyaw Thu’s Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။