ချစ်ပရိသတ်ကြီးရေ သရုပ်ဆောင် မင်းသမီးချောလေး သက်မွန်မြင့်ကတော့ အနုပညာလောကမှာ အချိန်အတော်ကြာရပ်တည်ထားနိုင်ပြီး အောင်မြင်မှုတွေလည်း များစွာရရှိထားတဲ့ သူလေးပါ။ သက်မွန်က အရပ်မြင့်မြင့်နဲ့ ကိုယ်ခန္ဓာအချိုးအစားလှပကာ ကျက်သရေရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူဖြစ်လို့ မိန်းကလေး အချင်းချင်းကတောင် အားကျချစ်ခင်နေတာလည်းဖြစ်ပါတယ်။ သက်မွန်က အိမ်​ထောင်ပြုပြီးနောက်ပိုင်းမှာ ကလေး၂ယောက်အမေဖြစ်ပေမယ့် အလှမပျက်ပဲ အပျိုရှုံးလောက်အောင် လှနေတာကိုလည်း မြင်တွေ့ရပါတယ်။  

Photo credit - Amazing Grace
Photo credit - Amazing Grace

ရိုးရှင်းအေးချမ်းတဲ့ အလှတွေကို ပိုင်ဆိုင်ထားတဲ့ သက်မွန်က ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး ပီပြင်လှတဲ့ သရုပ်ဆောင်မှုတွေကြောင့် အကယ်ဒမီဆုတွေကိုလည်း ထိုက်တန်စွာရရှိထားတာပါနော်။ သက်မွန်က လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာတွေအပြင် photo shootingတွေကိုလည်း လက်ခံရိုက်ကူးနေသူပါ။ သက်မွန်က သူမရဲ့ လှုပ်ရှားမှုတိုင်းကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိပြီး ယနေ့မှာလည်း ပိုစ့်တစ်ခုတင်ပေးလာခဲ့ပါတယ်။

Photo credit - Amazing Grace
Photo credit - Amazing Grace

သက်မွန်က ခေတ်နဲ့ တပြေးညီ ဝတ်စားရင်လည်း လိုက်ဖက်လှပနေသလို မြန်မာဝတ်စုံလေးတွေနဲ့လည်း ကျက်သရေရှိရှိလှနေတာကို မြင်တွေ့ရပါတယ်။ သက်မွန်က ချစ်စရာကောင်းပြီး ရိုးရှင်းလှပတဲ့ မြန်မာဝတ်စုံလေးကို ဝတ်ဆင်ကာ ဆွဲဆောင်မှုရှိပြီး မြင်သူငေးရလောက်အောင် လှပနေတာကိုလည်း တွေ့ရပါတယ်။ သက်မွန်ရဲ့ ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိရှိနဲ့ လှနေတဲ့ အပြင် " ဗမာဝတ်စုံလေးနဲ့ဆို သဘောကျတယ်မလား "ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။  

Photo credit - Amazing Grace
Photo credit - Amazing Grace

Photo credit - Amazing Grace

Source - Thet Mon Myint's FB page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။