ပြည်သူ့အချစ်တော်လေး ပိုးမမှီသာ ကတော့ အချိန်အတိုတွင်း အနုပညာနယ်ပယ်မှာ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိခဲ့တဲ့ မင်းသမီးလေးပဲဖြစ်ပါတယ်။ သူမကတော့ လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ စိုင်းစိုင်း ရဲ့ "င်္သဂါရသီချင်းတစ်ပုဒ်" ထဲမှာပါဝင်သရုပ်ဆောင်ရင်း လူသိများလာခဲ့ကာ နောက်ပိုင်းမှာတော့ ကြော်ငြာတွေကို ဆက်တိုက်ရိုက်ကူးလာတာကိုတွေ့ရပါတယ်။ ဒါ့အပြင် သူမဟာ စိုင်းစိုင်း နဲ့ အတူ "ပိတောက်ကတဲ့ဂီတ " ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။

Photo Credit - Li John Ljl
Photo Credit - Li John Ljl
Photo Credit - Li John Ljl

ပိုးမမှီသာလေးဟာ အနုပညာလောကမှာ အောင်မြင်မှုတွေရရှိလာသလို ပညာရေးပိုင်းမှာလည်း ထူးချွန်ထက်မြတ်တဲ့ ဆရာဝန်မလေးတစ်ယောက်ပဲဖြစ်ပါတယ်နော်...။ လတ်တလောမှာတော့ မင်းသမီးချောလေး ပိုးမမှီသာ က Photo Shooting တွေကိုဆက်တိုက် ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ ယခုတစ်ခါမှာလည်း ပိုးမမှီသာ လေးက မြင်သူတိုင်းချစ်အားပိုစေလောက်မယ့် သူမရဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာမှာ တင်ပေးလာခဲ့ပြန်ပါပြီနော်...။

Photo Credit - Li John Ljl
Photo Credit - Li John Ljl
Photo Credit - Li John Ljl

ဒီပုံလေးတွေထဲမှာတော့ ပိုးမမှီသာ က ရိုးရှင်းအေးချမ်းပြီး ဆန်းသစ်တဲ့မြန်မာဆန်ဆန် ဖက်ရှင်ဝတ်စုံကို ဝတ်ကာ ချစ်စရာကောင်းလောက်အောင်လည်း ပို့စ်ပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဒီဖက်ရှင်ဝတ်စုံလေးကလည်း သူမရဲ့ ပင်ကိုယ်အလှတရားတွေကို အထင်းသားပေါ်လွင်နေပြီး ကျက်သရေ ရှိရှိ လှပချောမောနေတဲ့ ပိုးမမှီသားလေကို ပရိသတ်တွေ ချစ်အားပိုမယ်လို့မျှော်လင့်မိပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ မြင်သူတိုင်း ချစ်ခင်အားကျသွားလောက်မယ့် ပိုးမမှီသာလေး ရဲ့ ကျက်သရေရှိတဲ့ ပုံရိပ်လေးတွေကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Li John Ljl
Photo Credit - Li John Ljl
Photo Credit - Li John Ljl

Photo Credit - Li John Ljl

Source -Poe Mamhe Thar's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။