photo credit - FaZe Clan Twitter account

FaZe Clan ကတော့ သူတို့အနေနဲ့ Valorant Invitational Ignition Series ကိုကျင်းပပြုလုပ်ပေးသွားမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ဒီပြိုင်ပွဲမှာတော့ ဆုကြေးငွေ စုစုပေါင်း $50,000 USD ပေးအပ်သွားမှာဖြစ်ပြီး partners အနေနဲ့ NISSAN , Verizon တို့နဲ့ အတူကျင်းပပြုလုပ်ပေးတာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ FaZe Clan ရဲ့ valorant team အပါအဝင်စုစုပေါင်း 16 သင်းဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာဖြစ်ပြီး Augest လ 6 ရက်နေ့ကနေ 9 ရက်နေ့ထိ ကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

12 သင်းကိုတော့ direct invite ပြုလုပ်သွားမှာဖြစ်ပြီး ကျန်တဲ့လေးသင်းကတော့ qualifier ဆော့ကစားပြီး qualified ဖြစ်လာမယ့် 4 သင်းပဲဖြစ်ပါတယ်။

ပြိုင်ပွဲကတော့ 4 ရက်ပဲကျင်းပသွားမှာဖြစ်ပြီး ပထမနေ့နဲ့ ဒုတိယနေ့တွေမှာတော့ group stage ပွဲစဉ်တွေကို bo3 format နဲ့ဆော့ကစားသွားမှာပဲဖြစ်ပါတယ်။

တတိယနေ့မှာတော့ Playoffs ပွဲစဉ်တွေကိုဆော့ကစားသွားမှာဖြစ်ပြီး စတုတ္ထနေ့မှာတော့ lower bracket finals နဲ့ grand final ပွဲစဉ်တို့ကိုဆော့ကစားပြီး ပြိုင်ပွဲကိုအဆုံးသတ်မှာပဲဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာတော့ ထိပ်ဆုံး လေးနေရာရရှိတဲ့အသင်းတွေကသာ ဆုကြေးငွေရရှိမှာဖြစ်ပြီး 1st place ရရှိတဲ့အသင်းကတော့ $25,000 USD ရရှိမှာပဲဖြစ်ပါတယ်။

2nd place ရရှိတဲ့အသင်းကတော့ $15,000 USD , 3rd place ရရှိတဲ့အသင်းကတော့ $7,500 USD နဲ့ 4th place ရရှိတဲ့အသင်းကတော့ $2,500 USD တို့အသီးသီးရရှိမှာပဲဖြစ်ပါတယ်။

sourc - FaZe Clan twitter account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။