ချစ်ပရိသတ်ကြီရေ သရုပ်ဆောင် မင်းသားချော ညီနန္ဒကတော့ အခုလက်ရှိမှာ အနုပညာလှုပ်ရှားမှုတွေကို ရပ်ဆိုင်းထားပြီး မိသားစုနဲ့အတူ အေးချမ်းပျော်ရွှင်စွာဖြတ်သန်းနေတာကို တွေ့ရပါတယ်။ ညီနန္ဒက ရုပ်ရှင်ဇာတ်ကားတွေကို အရင်လို မရိုက်ကူးတော့ပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရအောင် သူရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိသူပါ။ ညီနန္ဒက ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းဖြစ်တဲ့ ကိုနန္ဒ ထောပတ်ထမင်းလုပ်ငန်းလေးကိုလည်း ဦးစီးလုပ်ကိုင်နေသူပါ။ 

Photo credit - Nyi Nanda' FB account
Photo credit - Nyi Nanda' FB account

ညီနန္ဒရဲ့ ထောပတ်ထမင်းကို အနုပညာရှင်ညီအကို မောင်နှမတွေက ကြိုက်နှစ်သက်လို့ ဝယ်ယူအားပေးနေကြတာကိုလည်း တွေ့ရပါတယ်။ စိတ်ရင်း စေတနာအပြည့်နဲ့ လုပ်ကိုင်ထားတဲ့ သူရဲ့ ထောပတ်ထမင်းကို စားသုံးသူတွေ၊ ကြိုက်နှစ်သက်သူတွေ များနေတာကြောင့် အချိန်ခဏလေးအတွင်းမှာ အောင်မြင်မှုတွေလည်း ရရှိခဲ့တာပါ။ ယနေ့မှာတော့ ညီနန္ဒက သူရဲ့ ထောပတ်ထမင်းလေးနဲ့ အချစ်ရဆုံးသူငယ်ချင်း အဆိုတော် စစ်သွေးကို ဂါဝရပြုလိုက်တာပါနော်။

Photo credit - Nyi Nanda' FB account
Photo credit - Nyi Nanda' FB account

ညီနန္ဒက " သူငယ်ချင်း​တော့သူငယ်ချင်းပါပဲ...ဒါ​ပေမယ့် ဒီသူငယ်ချင်းက ကျွန်​တော့်ကျေးဇူးရှင်သူငယ်ချင်း စစ်သွေး ကျွန်​တော့်​မွေး​​နေ့က 1977 ဖေ​ဖော်ဝါရီလ ၂၂ ရက်...အချစ်ဆုံးသူငယ်ချင်းက ၁၇ ရက်​နေ့မှာ​မွေးပါတယ်...မွေး​နေ့ ၅ရက်ပဲကွာပြီး လားရှိုးမှာ အတူတူ​လူဖြစ်လာကြပါတယ်...ရန်ကုန်မှာပြန်ဆုံပြီး​နောက်ပိုင်း ကျွန်​တော့် အခက်အခဲ ပြသနာ​တော်​တော်များများကို ကူညီ​ဖြေရှင်း​ပေးခဲ့တဲ့ တစ်ဦးတည်း​သောအချစ်ဆုံးသူငယ်ချင်းကို "'ကိုနန္ဒ ထောပတ်ထမင်း"' နဲ့ ဂါရဝပြုခဲ့ပါတယ်. လူတိုင်းအ​ပေါ်မှာ အနွံတာခံပြီးစိတ်​ကောင်းရှိတဲ့ ချစ်သူငယ်ချင်း ကောင်းကျိုးလိုအင်ဆန္ဒ​တွေပြည့်စုံပါ​စေ " ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။ 

Photo credit - Nyi Nanda' FB account
Photo credit - Nyi Nanda' FB account

Photo credit - Nyi Nanda' FB account

Source - Nyi Nanda' FB account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။