Mobile Legends ထဲမှာဆိုရင် ဆော့ကစားလို့ရတဲ့ Mode တော်တော်များများပါဝင်ပါတယ်။ ဆော့ကစားလို့ရတဲ့ Mode တွေဟာဆိုရင် Classic, Rank, Brawl နဲ့ Arcade Mode တို့ပဲဖြစ်ပါတယ်။ Arcade Mode ထဲမှာမှ Mayhem, Mirror, Mirror Brawl, Magic Chess စတဲ့ Mode တွေထပ်ရှိပါသေးတယ်။ သို့သော် Magic Chess တစ်ခုထဲသာလျှင် အချိန်ပြည့်ဆော့ကစားလို့ရတဲ့ ဂိမ်းတစ်ခုဖြစ်ကာ သူရဲ့ သမိုင်းကြောင်းလေးကိုလဲ အောက်မှာဖော်ပြပေးလိုက်ပါတယ်။  

Magic Chess ဟာဆိုရင် January 2020 တုန်းက Arcade မှာ တခြား Mode တွေလိုပဲ ဆော့ကစားနိုင်တဲ့အချိန်ကို ရက်နဲ့ကန့်သန့်ထားတာဖြစ်ပါတယ်။ သို့သော် Patch Note 1.4.60 | 2020-3-17 မှာဆိုရင်တော့ အချိန်ပြည့်ကြိုက်တဲ့အချိန် ဆော့ကစားနိုင်အောင် ပြုလုပ်လိုက်ပါတယ်။ ၂၀၁၉ ခုနှစ် နွေရာသီရဲ့လအလယ်လောက်မှာ Moontoon ဟာ ဂိမ်းအသစ်ဖြစ်တဲ့ Magic Chess: Bang Bang (MCBB) ဆိုပြီး ထွက်ရှိခဲ့ပါတယ်။ အဲ့ဒီမှာပါတဲ့ Magic Chess ရဲ့ ပထမဆုံးသော Commander တွေကို Patch 1.4.70 Loading Screen မှာတွေ့ရှိနိုင်ပါတယ်။  

အဲ့ဒီမှာဆိုရင် Role 10 ခုပါဝင်ပြီး Features: Role အဖြစ် ၁၂ခုပါဝင်ပါတယ်။ Role 10 ခုကတော့ Fighter, Marksman, Mech, Mage, Guardian, Tank, Warlock, Wrestler, Assassin, Preacher တို့ပဲဖြစ်ပြီး Feature တွေကတော့ Elf, Nature, Eastern, Mortal, Wild, Cyborg, Spirits, Celestial, Devil, Undead, Empire, Angel တို့ပဲဖြစ်ပါတယ်။ သို့သော်လဲ MCBB ဟာ January 24th, 2020 မှာဖျက်သိမ်းလိုက်ပါတယ်။ ပြန်လာတဲ့အခါမှာတော့ MLBB ရဲ့ Mode တစ်ခုဖြစ်ခဲ့ပြီး အရင်လိုဆော့ရတဲ့ ဂိမ်းတစ်ခုအနေနဲ့ပဲ ပါဝင်ခဲ့ပါတယ်။  

သတင်းအရင်းမြစ် Fandom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။