Magic Chess မှာဆိုရင်တော့ Synergy ဟာဆိုရင် ကိုယ့်အတွက် အနိုင်ရဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Hero များပြီး Synergy တွေမရှိရင် အဲ့သူဟာ Late Game မှာ ရှုံးလာနိုင်ပါတယ်။ ခုလက်ရှိ Synergy ထဲမှာ Role 9 ခုပါဝင်ပြီး Faction 10 ခုရှိပါတယ်။ သို့သော်လဲ လက်တလောဂိမ်းထဲကနေ ထုတ်ထားတဲ့ဟာတွေကိုပဲ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။ Synergy တွေအထုတ်ခံရတာကလဲ Hero တချို့ကို ထုတ်ထားတာကြောင့်ဖြစ်ပါတယ်။  

Scarlet Shadow

Effect ရရှိဖို့အတွက် မတူညီတဲ့ Scarlet Shadow Hero တွေလိုအပ်ပါတယ်။ အနည်းဆုံးနဲ့အများဆုံးလိုအပ်တဲ့ Hero ကတော့ နှစ်ယောက်ပဲဖြစ်ပြီး ရရှိမယ့် Effect ကတော့ Scarlet Shadow တွေဟာ Skill အသစ်တစ်ခုကိုရရှိမှာဖြစ်ပါတယ်။ 

Undead

Effect ကိုရရှိဖို့အတွက် မတူညီတဲ့ Undead Hero တွေလိုအပ်ပါတယ်။ အနည်းဆုံး လိုအပ်တဲ့ Hero က တစ်ယောက်ဖြစ်ပြီး အများဆုံးကတော့ ၄ ကောင်ပဲဖြစ်ပါတယ်။ Undead Hero ၁ယောက်ထဲဆိုလျှင် အဲ့ Hero ဟာ တိုက်ခိုက်မှု ၃၅ရာခိုင်နှုန်းတိုးပါတယ်။ ၂ကောင်ဆိုရင်တော့ ကျပန်း Undead Hero ဟာ တိုက်ခိုက်မှု ၃၅ရာခိုင်နှုန်းတိုးပါတယ်။ ၄ကောင်ဆိုရင်တော့ Undead Hero အကုန်လုံး ၉၀ရာခိုင်နှုန်းထိ တိုက်ခိုက်မှုတိုးပါတယ်။ 

သတင်းအရင်းမြစ် Fandom

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။