ပရိသတ်ကြီးရေ.. စူပါမော်လ်ဒယ်တစ်ယောက်အဖြစ် နာမည်ကျော်စင်မြင့်တွေထက်မှာ အမိုက်စားဖက်ရှင်လေးတွေနဲ့ အမြဲမြင်တွေ့ရသလို လည်ပြန်ငေးရလောက်အောင် စမတ်ကျတဲ့ ပုံရိပ်လေးတွေနဲ့ ဖမ်းစားတတ်သူလေးကတော့ မော်လ်ဒယ်သရုပ်ဆောင်မင်းသမီးချောလေး အောန်ဆိုင်းပဲ ဖြစ်ပါတယ်နော်..။

စင်မြင့်တွေထက်မှာ ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းနေတဲ့ အချစ်တော်လေး အောန်ဆိုင်းဟာ မဂ္ဂဇင်းကာဗာတွေမှာလည်း အများဆုံးနေရာယူထားပြီး ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးသရုပ်ဆောင်ထားကာ အောင်မြင်ကျော်ကြားတဲ့ မော်လ်ဒယ်မင်းသမီးချောလေးအဖြစ် ပရိသတ်တွေရင်ထဲ အခိုင်အမာနေရာယူထားသူလေးပါပဲ..။


Aource & Photo Credit - Awn Seng's IG Acc
Aource & Photo Credit - Awn Seng's IG Acc

တိုင်းရင်းသူလေးတစ်ယောက်မို့ စကားပြောလိုက်ရင်လည်း ဝဲ၀ဲလေးနဲ့ ချစ်စရာကောင်းသလို အရပ်ရှည်ပြီး ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကိုပိုင်ဆိုင်ထားကာ အထာကျလွန်းတဲ့ အမိုက်စားဖက်ရှင်လေးတွေနဲ့ အပြုံးလှလှလေးတွေကြောင့်လည်း ပုရိသပရိသတ်တွေကြား ရေပန်းစားနေတာလည်း ဖြစ်ပါတယ်နော်..။

လှုပ်ရှားမှုပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ အောန်ဆိုင်းကိုတော့ ပရိသတ်တွေက အမြဲအချစ်ပိုနေကြပြီး အခုတစ်ခါမှာလည်း မြင်းကို ကျွမ်းကျွမ်းကျင်ကျင်စီးနေတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ဝေမျှလိုက်ပါတယ်နော်..။


Aource & Photo Credit - Awn Seng's IG Acc
Aource & Photo Credit - Awn Seng's Facebook Acc

ပရိသတ်တွေ မထင်မှတ်ထားရလောက်အောင်ကို မြင်းကို ကျွမ်းကျွမ်းကျင်ကျင် ပိုင်ပိုင်နိုင်နိုင်နဲ့ စီးပြလိုက်တဲ့ အောန်ဆိုင်းရဲ့ အမိုက်ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေ သဘောကျနေကြဦးမှာပါနော်..။

ကဲ.. ပရိသတ်ကြီးရေ.. ချွေးသံတလုံးလုံးနဲ့ကျွမ်းကျင်စွာ မြင်းစီးနေတဲ့ အောန်ဆိုင်းရဲ့ ဗီဒီယိုလေးကို ကြည့်ရှု့ရင်း အားပေးစကားလေးတွေနဲ့အတူ မှတ်ချက်လေးတွေလည်း ပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်..။

Aource & Photo Credit - Awn Seng's IG Acc
Aource & Photo Credit - Awn Seng's Facebook Acc

Aource & Photo Credit - Awn Seng's IG Acc / Facebook Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။