ပရိသတ်ကြီးရေ သေးသေးသွယ်သွယ်ကိုယ်လုံး​လေး အပြင် ထူးခြားတဲ့ အလှတရားတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူကတော့ မင်းသမီးရတနာဗိုလ် ပဲဖြစ်ပါတယ်။ ရတနာဗိုလ် ကတော့ ဗီဒီယိုဇာတ်ကားများစွာမှာ ပါဝင်ရိုက်ကူးထားပြီး သူမ ရဲ့ သဘာဝကျကျဖြင့် အကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ သူမဟာ အနုပညာလောကမှာ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ကြိုးစားနေသူတစ်ယောက်ပါနော်..။

Photo Credit - Yadanar Bo's facebook Page
Photo Credit - Yadanar Bo's facebook Page

ရတနာဗိုလ် က ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ဘယ်လိုဖက်ရှင်မျိုးတွေမဆို လိုက်ဖက်မှုရှိအောင် ဝတ်ဆင်တတ်တာကြောင့် ပျိုမဒီလေးတွေ အားကျနေရတဲ့ သူလေးပါ။ ဒါ့အပြင် လတ်တလောမှာဆိုရင်လည်း ပရိသတ်တွေအတွက် သူမရဲ့ အမိုက်စား ပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဖော်ပြပေးတာတွေ့ရပါတယ်။ ယခုမှာတော့ သူမဟာ အရင်က ပရိသတ်တွေကို ချပြတဲ့ ပုံရိပ်လေးတွေနဲ့ မတူပဲ မြင်သူတိုင်း ချစ်အားပိုလောက်မယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပြန်ပြီလည်းဖြစ်ပါတယ်။

Photo Credit - Yadanar Bo's facebook Page
Photo Credit - Yadanar Bo's facebook Page

ဒီပုံလေးတွေထဲမှာတော့ မင်းသမီးချောလေး ရတနာဗိုလ် က မြန်မာဖက်ရှင်ဝတ်စုံလေးကို ဝတ်ပြီး ရင်ခုန်စရာကောင်းလောက်တဲ့ အမူရာလေးတွေနဲ့ ဓာတ်ဖမ်းထားတဲ့ ပုံရိပ်လေးတွေပဲဖြစ်ပါတယ်။ ဒီပုံရိပ်လေးတွေနဲ့လည်း ရတနာဗိုလ် က " ခြောက်ပေအကွာကနေ လှမ်းကြည့်နေတဲ့မောင်က ကျွန်မကိုပြောတယ် ဝေးလေချောလေပါလား ချစ်ရယ်တဲ့" ဆိုပြီးရေးသားဖော်ပြထားပါသေးတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ကျက်သရေ ရှိပြီး မြင်သူတိုင်းချစ်အားပိုလောက်မယ့် မင်းသမီးချောလေးရတနာဗိုလ် ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo Credit - Yadanar Bo's facebook Page

Source -Yadanar Bo's facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။