သရုပ်ဆောင် မင်းသမီးချောလေး မြတ်ရတနာကျော်ကတော့ ချိုမြိန်တဲ့အပြုံးလှလှလေးတွေနဲ့ ဖမ်းစားနိုင်သူလေး ဖြစ်ပါတယ် ။ သီချင်းဗီဒီယိုလေးတွေ အများအပြားရိုက်ကူးခဲ့ပြီး အခုချိန်အထိလည်း Photo Shooting တွေရိုက်ကူးနေဆဲဲဖြစ်တဲ့ မြတ်ရတနာကျော်ကို ပရိသတ်တွေကလည်း ဝန်းရံအားပေးကြတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မြတ်ရတနာကျော်က မိန်းကလေးပရိသတ်တွေပါ ချစ်ခင်ရလောက်အောင်ကို  မျက်နှာပွင့်သူလေးပဲ ဖြစ်ပါတယ် ။

Photo Credit-Khant Wai Nyein
Photo Credit-Khant Wai Nyein
Photo Credit-Khant Wai Nyein

မြတ်ရတနာကျော်က အဆိုတော် အာဘွိုင်းနဲ့အိမ်ထောင်ကျပြီး သမီးလေးတစ်ယောက် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ် ။ ကလေးတစ်ယောက်မေမေဖြစ်ပေမယ့်လည်း မြတ်ရတနာကျော်က လူငယ်လေးတစ်ယောက်လို ပျိုမျစ်နုနယ်ပြီး လှပနေတာပဲ ဖြစ်ပါတယ် ။ အခုလည်း မြတ်ရတနာကျော်က အဖြူရောင်မြန်မာဝတ်စုံလေးနဲ့ ရိုးရိုးယဥ်ယဥ်လေးလှသွေးကြွယ်နေတဲ့ ပုံလေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Khant Wai Nyein
Photo Credit-Khant Wai Nyein
Photo Credit-Khant Wai Nyein
Photo Credit-Khant Wai Nyein

မြတ်ရတနာကျော်က "မြန်မာဝတ်စုံနဲ့ လူလေးက လှချင်နေပေမယ့် ခေါင်းဖြီးဖို့ မေ့သွားသောခဏ ခေါင်းဘယ်တော့မှမဖြီးသောမိမိ " ဆိုပြီး သူမရဲ့ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ဘယ်လိုနေနေချစ်ဖို့ကောင်းတဲ့ မြတ်ရတနာကျော်ကတော့ မိန်းကလေးအချင်းချင်း ငေးကြည့်ရလောက်အောင်ကို လှနိုင်သူလေးပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး မြတ်ရတနာကျော်ရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Myat Yadanar Kyaw's FB Acc

Photo Credit-Khant Wai Nyein

Photo Credit-Khant Wai Nyein
Photo Credit-Khant Wai Nyein
Photo Credit-Khant Wai Nyein
Photo Credit-Khant Wai Nyein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။