ပရိသတ်ကြီးရေ.. ရွှေကစ်လေးလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချောလေး ဝတ်မှုံရွှေရည် ကတော့ မြန်မာနိုင်ငံထိပ်တန်း မင်းသမီးတစ်ဦးဖြစ်တဲ့အတိုင်း လည်ပြန်ငေးရလောက်တဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားသူလေးပဲ ဖြစ်ပါတယ်နော်..။

သရုပ်ဆောင်ပိုင်နိုင်မှုတွေနဲ့ အကယ်ဒမီဆုတွေအပြင် ပြည်ပနိုင်ငံတွေက ချီးမြှင့်တဲ့ ထူးချွန်ဆုတွေကိုပါ ရရှိထားတဲ့ ရွှေကစ်လေးကိုတော့ မိန်းကလေး ယောကျ်ားလေးမရွေး အားလုံးက ချစ်ခင်နေကြတာပါ..။

Photo Credit - Mr.Haw
Photo Credit - Mr.Haw

ပရိသတ်တွေသည်းသည်းလှုပ်ချစ်ခင်ကြရတဲ့ ရွှေကစ်လေးဟာ သရုပ်ဆောင်ပိုင်းမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားသလို ချစ်စရာကောင်းတဲ့မျက်နှာလှလှလေးအပြင် ဖြူဝင်းတဲ့အသားအရည်လေးနဲ့ ဆွဲဆောင်မှုရှိတဲ့အလှတရားတွေကိုလည်း ပိုင်ဆိုင်ထားတာမို့လည်း အားလုံးက အချစ်ပိုနေကြရတာပါနော်..။

အခုတစ်ခါမှာလည်း ရွှေကစ်လေးတစ်ယောက် မိန်းကလေးဆန်ဆန်ပြင်ဆင်ခြယ်သမှုလေးတွေနဲ့ ထိရက်စရာမရှိလောက်အောင်ကို ဘိုမရုပ်လေးလိုချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အမြင်အာရုံတွေကို ဖမ်းစားလိုက်ပြန်ပါတယ်နော်..။

Photo Credit - Mr.Haw
Photo Credit - Mr.Haw

"ဒီ ရာ သီ ဥ တု နဲ့ ဆို ကစ်ကို လွမ်း လို့ ရ ပီ မ လား?? .." ဆိုပြီး ချစ်စရာကောင်းလွန်းတဲ့ သူမရဲ့ပုံရိပ်လေးတွေကို ရွှေကစ်လေးက ဝေမျှထားတာပဲ ဖြစ်ပါတယ်..။

ဆွဲဆောင်မှုအပြည့် မိန်းကလေးဆန်ဆန် လှသွေးကြွယ်နေတဲ့ အသည်းကျော်လေး ရွှေကစ်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေလည်း သဘောကျအချစ်ပိုနေကြမှာ အသေအချာပဲမို့ တင်ဆက်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Mr.Haw
Photo Credit - Mr.Haw

Source - Wutt Home Shwe Yi's Fb Acc

Photo Credit - Mr.Haw 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။