သရုပ်ဆောင်တဲ့ ဇာတ်ကားတိုင်းကို အပိုလိုမရှိကွက်တိ အိုက်တင်ပီပြင်အောင် သရုပ်ဆောင်နိုင်မှုကြောင့် အကယ်ဒမီထူးချွန်ဆုကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပိုင်ဖြိုးသုပဲ ဖြစ်ပါတယ်။ သူမဟာ ဆယ်စုနှစ်ကျော်တိုင်အောင် အနုပညာလောကမှာ ပရိသတ်ချစ်တဲ့ မင်းသမီးလေးတစ်လက်အဖြစ် ရပ်တည်လျက်ရှိနေတာလည်း ဖြစ်ပါတယ်။ သုသုဟာ သူမရိုက်ကူးတဲ့ ဇာတ်ကားတိုင်းကို သဘာဝကျအောင် သရုပ်ဆောင်နိုင်တဲ့ ပြည်သူချစ် မင်းသမီးလေးတစ်လက်ပါ။

Photo Crd- Paing Phyoe Thu’s Facebook Account
Photo Crd- Paing Phyoe Thu’s Facebook Account
Photo Crd- Paing Phyoe Thu’s Facebook Account

သုသုဟာ လတ်တလောမှာတော့ အနုပညာလှုပ်ရှားမှုတွေ မရှိသေးဘဲ ချစ်ရတဲ့ မိသားစုနဲ့အတူ ခရီးတွေထွက်ကာ ပျော်ပျော်ရွှင်ရွှင် အေးအေးချမ်းချမ်း အနားယူလျက်ရှိနေတာပဲ ဖြစ်ပါတယ်။ ခရီးသွားပုံရိပ်လေးတွေကိုလည်း အချိန်နဲ့ တစ်ပြေးညီ တင်ပေးလျက်ရှိပြီး ပရိသတ်တွေကလည်း ချစ်မဝဖြစ်နေကြတာပါ။ မနေ့ညကလည်း ပရိသတ်တွေအတွက် ပုံလေးတစ်ပုံ တင်ပေးလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။ 

Photo Crd- Paing Phyoe Thu’s Facebook Account
Photo Crd- Paing Phyoe Thu’s Facebook Account
Photo Crd- Paing Phyoe Thu’s Facebook Account

ဒါကတော့ အစ်မဖြစ်သူတို့ဇနီးမောင်နှံ ရိုနေတာကိုကြည့်ပြီး အားကျငေးမောနေတဲ့ ပိုင်ဖြိုးသုရဲ့ ချစ်ညီမလေး နိုင်ဖြိုးဥရဲ့ ပုံလေးကို " Caption လေးတပ်ပေးကြပါဉီး " ဆိုပြီး စနောက်ထားတာပဲ ဖြစ်ပါတယ်။ ဒီပုံလေးကိုတော့ မနေ့ညက ကျင်းပခဲ့တဲ့ မိတ်ကပ်ဖန်တီးရှင် မေဦးရဲ့ မွေးနေ့ပါတီမှာ ရိုက်ကူးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ဒီပုံရိပ်လေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Paing Phyoe Thu’s Facebook Account

Photo Crd- Paing Phyoe Thu’s Facebook Account
Photo Crd- Paing Phyoe Thu’s Facebook Account
Photo Crd- Paing Phyoe Thu’s Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။