ပရိသတ်ကြီးရေ ဆုပန်ထွာကတော့ အရမ်းချစ်တတ်တဲ့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ထားပြီး သားချောလေးလည်း မွေးဖွားထားတာကြောင့် ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်။ဆုပန်ထွာက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး သူမရဲ့ခင်ပွန်းကလည်း လက်ရှိမှာဆိုရင် အောင်ဆန်းရုပ်ရှင် မှာ ပါဝင်သရုပ်ဆောင်မှာဖြစ်ပါတယ်နော်။

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

ဆုပန်ထွာကလည်း ချစ်ခင်ပွန်းကို ဇာတ်ကားရိုက်ကူးဖို့အတွက် ခွင့်ပြုပေးလိုက်ပြီး တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတာဖြစ်ပါတယ်။သူမရဲ့မိသားစုလေးကိုလည်း အချိန်အပြည့်ပေးပြီး ဂရုစိုက်ပေးတဲ့အပြင် သားလေးကိုလည်း သေချာစောင့်ရှောက်ပေးတာပါနော်။ဆုပန်ထွာတို့ မိသားစုလေးက အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စွာ နေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:Supan Htwar's Facebook Account
Photo Credit:Supan Htwar's Facebook Account

ဆုပန်ထွာက မိသားစုကိုလည်း ကျန်းမာရေးနဲ့ညီညွှတ်မျှတတဲ့ အစားအသောက်တွေကို ကိုယ်တိုင်ချက်ပြုတ်ကျွေး‌တဲ့ အိမ်ရှင်မကောင်းတစ်ယောက်ဖြစ်ပါတယ်။အခုဆိုရင်လည်း ချစ်ခင်ပွန်း ခံတွင်းတွေ့အောင်လို့ အရသာရှိတဲ့ဟင်းလျာတွေကို ချက်ပြုတ်ပြီး ကိုယ်တိုင်ပြင်ဆင်ပေးနေတာဖြစ်ပါတယ်။ကိုဉက္ကာကျော်ကလည်း အရမ်းစားကောင်းတယ်လို့ ချီးကျူးပြီး ဇနီးမောင်နှံနှစ်ယောက်ကကြည်နူးနေကြတာဖြစ်ပါတယ်နော်။

Photo Credit:Supan Htwar's Facebook Account
Photo Credit:Okkar Kyaw's Facebook Account
Photo Credit:Okkar Kyaw's Facebook Account

Source&Photo Credit:Okkar Kyaw's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။