ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတဲ့ နာမည်ကြီးအဆိုတော်တွေထဲမှာတော့ ဖြူဖြူကျော်သိန်းကလည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်နော်။ ဖြူဖြူကျော်သိန်းက သူများတွေနဲ့မတူဘဲ တစ်မူထူးခြားတဲ့အသံပါဝါမျိုးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ် ။ ဖြူဖြူကျော်သိန်းအနေနဲ့ တေးသီချင်းကောင်းတွေ အမြောက်အမြားဖန်တီးခဲ့ပြီး တစ်ကိုယ်တော်အခွေတွေလည်း ထွက်ရှိအောင်မြင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Dior By Heart
Photo Credit-Dior By Heart
Photo Credit-Dior By Heart

လတ်တလောမှာတော့ ဖြူဖြူကျော်သိန်းက တေးသီချင်းအသစ်တွေ ဆက်တိုက်ဖန်တီးနေသလို Music Video အသစ်လေးတွေလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ် ။ မကြာသေးခင်ကလည်း ဖြူဖြူကျော်သိန်းက "Private Dating" ဆိုတဲ့သီချင်းအသစ်လေးတစ်ပုဒ် ထွက်ရှိခဲ့သေးတာ ဖြစ်ပါတယ် ။ အခုတော့ ဖြူဖြူကျော်သိန်းက မင်းသားချောကျော်ထက်အောင်နဲ့ ရယ်မောပျော်ရွှင်နေတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Dior By Heart
Photo Credit-Dior By Heart
Photo Credit-Dior By Heart
Photo Credit-Dior By Heart

ဖြူဖြူကျော်သိန်းက "ချစ်တဲ့စိတ်ကြောင့်မှားတဲ့အပြစ်တစ်ခုသာ ဝေးသွားလောက်အောင်မထိုက်တန်ဘူးအချစ်ရာ အလံဖြူထောင်ကာငါအရှုံးပေးလိုက်လို့ မင်းဘက်ကနေစိတ်ကြေအေးလိုက်ပါ နင်...နင်မထားခဲ့နဲ့...မင်း..မင်းမထားခဲ့နဲ့...Feeling forgiving with Kyaw Htet Aung သဝန်တိုတာအရမ်းချစ်လို့ A song composed by Cobra" ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ဖြူဖြူကျော်သိန်းနဲ့ ကျော်ထက်အောင်တို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source : Phyu Phyu Kyaw Thein's FB Page

Photo Credit-Dior By Heart

Photo Credit-Dior By Heart
Photo Credit-Dior By Heart
Photo Credit-Dior By Heart
Photo Credit-Dior By Heart

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။