မခိုင်လေးရဲ ့အရွယ်တင်နုပျိုရခြင်းအကြောင်း

သရုပ်ဆောင် အကယ်ဒမီခိုင်သင်းကြည်ဟာ အနုပညာသက်တမ်းကြာမြင့်နေပြီဖြစ်ပေမယ့် အခုချိန်ထိ အနုပညာလမ်းကြောင်းပေါ်စလျှောက်လှမ်းစဉ်ကလိုပဲ

နုပျိုနေဆဲဖြစ်ပါတယ်။ လက်ရှိမှာ သမီးလေးတစ်ယောက်မိခင် အကယ်ဒမီဆု ၂ ဆုပိုင်ရှင်ဖြစ်တဲ့ မခိုင်လေးဟာ ကျရာဇာတ်ရုပ်တွေမှာ

ပီပြင်အောင်သရုပ်ဆောင်နိုင်သူဖြစ်ပြီး ဟာသဇာတ်ကားလေးတွေမှာလည်း ပရိသတ်တွေကို ပျော်ရွှင်ရယ်မြူးအောင် လုပ်ဆောင်နိုင်သူဖြစ်ပါတယ်။

ပရိသတ်တွေက သူမကို နုပျိုနေဆဲဖြစ်တယ်လို ့ချီးကျူးကြတာနဲ ့ပတ်သက်ပြီး မခို်င်လေးက အခုလိုမျိုး ပြောပြသွားခဲ့ပါတယ်။

“အရွယ်တင်နုပျိူနေအောင် ဘာမှလည်း မလုပ်ပါဘူး။ ဘာဆေးမှလည်း မသောက်ပါဘူး။ မခိုင်လေးရဲ့ ပရိသတ်က ကိုယ့်ကို ချစ်တဲ့ မျက်စိနဲ့ ကြည့်လို့သာ

အရွယ်တင်နေတယ်လို့ ထင်တာလေ။ ကိုယ်တိုင်လည်း ကိုယ့်အသက်အရွယ်လေး နဲ့ ကိုယ်ရနေပါပြီ။ တစ်ခုရှိတာက အစ်မက အရမ်းအရယ်သန်တယ်။

ပျော်ပျော်နေတတ်တယ်။ စိတ်ညစ်စရာတွေ ခေါင်းထဲ ကြာကြာ မထည့်ဘူး။ စိတ်ရူပ်လည်း မခံနိုင်ဘူးလေ။

ရူတင်မှာဆိုရင် ရယ်မောစနောက်နေတတ်တယ်။ အဲ့ဒိလို စိတ်ကိုအရူပ်အထွေး အဖြစ်မခံတာလဲ ပါမှာပေါ့နော်။ ပြီးတော့ အစ်မက နဂို စပေါ်ကတည်းက

အရမ်းကြီးလှတဲ့ မင်းသမီးထဲမှာ မပါတော့လည်း အရွယ်ကျတာ သိပ်ပြီးလူမသိဘူးပေါ့နော်။ ပြောချင်တာက အရမ်းကြီးလှကြတဲ့ အခါကျတော့

ပရိသတ်တွေအမြင်မှာ ပြောင်းလဲတာ သိသာနိူင်တယ်လေ။ အစ်မတို့ကျတော့ သာမာန် ရွက်ကြမ်းရေကျိူ ရုပ်ဆိုတော့လည်း ပြောင်းလဲသွားတာ

ပရိသတ် အမြင်မှာ မသိသာတာနေပါလိမ့်မယ်။ အဓိက က ပရိသတ် တွေ ချစ်တဲ့ မျက်စိနဲ့ ကြည့်ကြလို့ပါ"

လို ့မခိုင်လေးက ပြောပြသွားခဲ့တာဖြစ်ပါတယ်။

မခိုင်လေး ပါဝင်သရုပ်ဆောင်ထားတဲ့ သူငယ်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ ဒီနေ ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးမှာတော့ မခိုင်လေးနဲ ့အတူ ပရိသတ်ချစ်တဲ့ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ရန်အောင်၊ ရဲအောင်၊ မင်းဦး၊ ကျော်ထက်အောင်၊ စိုးမြတ်သူဇာ၊ ထွန်းအိန္ဒြာဗို နဲ ့အခြားအနုပညာရှင်များစွာ

ပါဝင်အားဖြည့်ထားပါတယ်။ မခိုင်လေးရဲ ့ချစ်ပရိသတ်ကြီးက ဒီဇာတ်ကားလေးကို မပျက်မကွက်နဲ့ သွားရောက်ကြည့်ရှု ့အားပေးနိုင်ပါတယ်နော်။ 

သတင်းအရင်းမြစ် Myanmar Celebrities

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။