ပရိသတ်ကြီးရေ ပိုင်ဇေရဲထွန်းရဲ့ ချစ်ဇနီးချောလေး ဇင်သဲနိုင်ကတော့ အခုလတ်တလောမှာဆိုရင်တော့ အွန်လိုင်းပေါ်မှာ အစားအသောက်လေးတွေကို ကိုယ်တိုင်ပြုလုပ်ပြီး ရောင်းချနေတာဖြစ်ပါတယ်။သူမရဲ့လုပ်ငန်းလေးကလည်း အသေးစားလေးဆိုပေမယ့် လအနည်းငယ်နဲ့တင် အတော်အသင့်အောင်မြင်နေပြီဖြစ်ပါတယ်နော်။ဇင်သဲနိုင်က ပိုင်ဇေရဲထွန်းအပေါ်မှာလည်း ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသတဲ့သူလေးဖြစ်ပါတယ်။

Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account

ကလေးသုံးယောက်အပေါ်မှာလည်း မိခင်ကောင်းတစ်ယောက်အဖြစ် ဂရုစိုက်စောင့်ရှောက်ပေးပြီး ပျော်ရွှင်စရာ မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ဇင်သဲနိုင်ရဲ့သားသမီးလေးတွေကလည်း အချောလေးတွေဖြစ်ပြီး ဖေဖေနဲ့မေမေရဲ့ အလှအပတွေကို အမွေရထားတာဖြစ်ပါတယ်နော်။အခုဆိုရင်လည်း ဇင်သဲနိုင်ရဲ့သားလတ်လေးက (၁၂)နှစ်ပြည့်သွားတာဖြစ်ပါတယ်နော်။

Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account

ဇင်သဲနိုင်က သားလေးအတွက် မနက်စောစောထပြီး ကိတ်မုန့်ကိုယ်တိုင်ဖုတ်ပေးကာ Surpriseလုပ်ပေးလိုက်တာဖြစ်ပါတယ်။ဇင်သဲနိုင်ကတော့"ငါးသိပ်ကြိုက်တဲ့ မေ့သားတိုးလေးအတွက် Underwater Birthday cake လေး သူမသိအောင်လုပ်ပေးထားတယ် ဆရာသမားလေးကမနိုးသေးဘူး"ဆိုပြီး ရေးသားထားတဲ့အပြင် မွေးနေ့ဆုလေးလည်း တောင်းပေးကာ ပုံလေးတွေကို မျှဝေလာတာဖြစ်ပါတယ်နော်။

Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account
Photo Credit:Zin Thae Naing's Facebook Account

Source&Photo Credit:Zin Thae Naing's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။